🍂Episode 5🍂ᵘⁿⁱ+ᶻᵃʷᵍⁱ

2K 165 3
                                    

ᑌᑎIᑕOᗪᗴ ᐯᗴᖇ🍂

"တောင်းပန်ပါတယ် ဂျေးက..."

"Honey"

နာမ်စားတခုနှင့်အတူ ထိုလူ့ပုခုံးပေါ်ကအသံရှင်၏လက်က ဂျွန်ဂျောင်ဂု၏စကားတွေကိုရပ်တန့်စေသည်။

🍂 Memorial Dates 🍂

" ငါတို့ကအာ့လောက်ထိရင်းနှီးမနေဘူး ကိုယ့်လူ "

ဩရှရှအသံနှင့်ပြောပြလာသောသူ...
ကျနော့လက်ကို သူကခါထုတ်လိုက်သည်။

ဟုတ်တာပေါ့..
ကျနော့စကားက လူတယောက်ရဲ့ privacy ကိုစပ်စုသလိုဖြစ်သွားတာပဲ။

"ဒယ်ဒီ"

ဂျေးက ကျနော့လက်ကိုအသာလှုပ်ကာ ‌ကျနော့မျက်နှာကိုမော့ကြည့်လျက် အသံပြုလာမှ ကျနော်လည်းထိုလူ့ရဲ့လှုပ်ရှားမှုရပ်ဝန်းကနေရုန်းထွက်နိုင်ခဲ့သည်။

"ပြောလေ ဂျေး
ဒယ်ဒီနားထောင်နေတယ်"

"ဂျေး ..Bear နဲ့နောက်ထပ်တွေ့ချင်သေးတယ်"

"Bear က!"

"ဟာ...ဒယ်ဒီခုနက လူကြီးမင်းလို့ခေါ်လိုက်တဲ့ သူကိုပြောတာလေ..."

"သူ့နာမည်က Bear?"

"အာ...
ဒယ်ဒီကလည်းဗျာ...
ဂျေးက သူ့ကို Bear လို့ပဲခေါ်ချင်တာ..
Bear ရဲ့မျက်ဝန်းလေးတွေကအညိုရောင်လေးတွေ ဒယ်ဒီရဲ့ ပြီးတော့လေ Bear ကဂျေးအနားမှာရှိနေရင် ဂျေးပျော်တယ် Bear ကိုယ်လုံးကသေးသေးလေးနဲ့ရင်ခွင်ကနွေးတယ် ဂျေးကြိုက်တယ် ဒယ်ဒီဂျွန်"

ဂျေးရဲ့မျက်စံနက်တွေဟာ အညိုရောင်ပြောင်းသွားသည်။"ဒယ်ဒီဂျွန်"လို့ ဂျေးကခေါ်ပြီးပြောရင် တကယ်ပဲ ဂျေးကအလေးအနက်ထားမှန်းသိသာတယ်။ဘယ်တော့မှ လတ်လွတ်စပယ် အာ့လိုအခေါ်အဝေါ်မျိုးကို ဂျေးကမသုံးဖူးဘူး။‌ ဂျေး 3နှစ်အရွယ်က ဂျေးရဲ့ မွေးရာပါဆံပင်အနီရောင်တွေကို အချစ် ကအရောင်ပြောင်းမယ်ပြောတဲ့အချိန်က သည်လိုပဲ "ဂျေးဒီဆံပင်တွေကိုတန်ဖိုးထားတာမို့ အရောင်မပြောင်းနိုင်ဘူး ဘယ်သောအခါမှကိုမပြောင်းနိုင်ဘူး ဒယ်ဒီဂျွန်" ဆိုပြီး သည်လိုပဲမျက်ဝန်းညိုညိုတွေနဲ့ပြောခဲ့တာလေ။

ဒီတခါကတော့ ဒုတိယအကြိမ်ပေါ့...
Bear ဆိုတဲ့တယောက်ရဲ့ရင်ခွင်ထဲမှာနေရတာ ဂျေးကကြိုက်တယ်တဲ့လေ။အမေဖြစ်သူနှင့် အဖေဖြစ်သူအတွက်တောင်မှ တခါမှအလေးအနက်မပြောဘူးသည့် ဂျေးကဒီတယောက်ကိုတော့ အတော်ခင်တွယ်သွားပုံ...

Mᴇᴍᴏʀɪᴀʟ Dᴀᴛᴇs [KOOᗰOՏ]Where stories live. Discover now