🍂Episode 7🍂ᵘⁿⁱ+ᶻᵃʷᵍⁱ

1.9K 146 7
                                    

ᑌᑎIᑕOᗪᗴ ᐯᗴᖇ🍂🍂

"ဂျေး...Bearနဲ့
ညအိပ်ပါရစေနော်"

"ကလေးသဘောပါရှင့် ကလေးက သား V လေးကိုအတော်ခင်တာပဲ"

ခရစ်ကပြောတော့ ဂျေးက ကကြီးပုံနှုတ်ခမ်းလေးတွေပေါ်သည့်အထိရယ်လေသည်။

"ဂျေး"

🍂 Memorial Dates 🍂

ကျနော့အရှေ့မျက်နှာချင်းဆိုင်တွင်ထိုင်နေသော ဆံနီလေး...
"ထယ်"လို့သုံးနှုန်းမိတော့ သိသိသာသာမျက်နှာပျက်သည်။

ကျနော်ကတကယ်တော့ "ဆံနီလေး" လို့ခေါ်ချင်တာ..မိဘတွေရှေ့မှာကျဘယ်သင့်တော်မလဲ ဒါ့ကြောင့်ပဲ "ထယ်"လို့ခေါ်လိုက်မိတာ။

သူ့ကိုတွေ့တိုင်း ကိုယ့်ဘက်ကအမြဲအံ့အားသင့်ကာ မေးစရာတွေကအပြည့်...
သူကတော့ ရေခဲတုန်းလေး...

"စားမကောင်းဘူးလား သားလေး V"

"မဟုတ်ပါဘူး...
စားကောင်းပါတယ် Mrs.Jeon "

"အော်...သားရယ်
အန်တီလို့ခေါ်လည်းရပါတယ်"

"ဟုတ်ကဲ့"

"သားကသိပ်အစားနည်းတာရယ်
အခု အရွယ်အလုပ်ခွင်ထဲဝင်တာတောင် အိမ်ကသူ့အမေလက်ရာပဲစားလာတာရယ်"

"အိုး...ခရစ်နဲ့ ဒန်နီရယ် ကသားလိမ်မာလေးရထားတာပဲ"

"အာ့လိုပဲဆိုရမှာပေါ့ရှင် "

စကားဝိုင်းမှာ ဂျွန်ဂျောင်ဂု တယောက်ကလူပိုတယောက်လို...ဒါနဲ့များအမေကဘာလို့ သားကိုခေါ်လာပါလိမ့်..တကယ်ပါပဲ..

"Bear
ဂျေးလေ Bear နဲ့လိုက်ချင်တယ်"

ဂျေး၏အသံသေးသေးလေးကတစာစာနှင့် အော်ပြောနေလေရဲ့....

"Bear ဆိုတာက"

ဂျေး၏အသုံးအနှုန်းကြောင့် ဂျောင်ဂုနှင့် V မှအပ ဆံနီလေး၏မိဘတွေရော အမေကပါ "ဘာပြောတာလဲ"ဆိုသည့်အကြည့်နှင့်ကြည့်သည်။

"ဟာ ဖွားဖွားတို့ကလဲ
Bear ဆိုတာ ဒီအလှလေးကိုခေါ်တာပေါ့ဗျ"

မြေးဖြစ်သူ၏စကားကြောင့် နေ့လည်စာထမင်းဝိုင်းလေးက ပွဲကျသွားလေတော့သည်။သူတို့မိဘများ၏စိတ်ထဲတွင်လည်း "အကယ်၍ ဤသို့သောမိသားစုလေးသာ ဖြစ်ခဲ့ရင်"...ဆိုသည့်အတွေးများကိုယ်စီရှိနေကြပေသည်။

Mᴇᴍᴏʀɪᴀʟ Dᴀᴛᴇs [KOOᗰOՏ]Where stories live. Discover now