Part - 1🌹

983 69 6
                                    

ဒီနေ့ Rosie တစ်ယောက် ဗျာများနေလေရဲ့!!

"ဘန်နီမ ငါသွားတော့မယ်"

"အေးအေး ဂရုစိုက်သွားနော်"

"အင်း"

Rosie က ဒီနေ့ Kim company မှာ အလုပ်သွားလျှောက်မလို့ပါ!

Rosie သူ့အိမ်ထဲကထွက်လာပြီး ကားလမ်းမပေါ်ကိုရောက်လာတယ် လမ်းဖြတ်ကူးမယ့်အချိန်...?

"အာ့..."

Rosie လဲကျသွားတယ်!!

"အာ....နာလိုက်တာ သေပါပြီ ကားကိုဘယ်လိုမောင်းလာလဲမသိဘူး"

ကားထဲမှ လူတစ်ယောက် ထွက်လာတယ်!

"ဒီကညီမ အဆင်​ပြေရဲ့လား"

"ရပါတယ် ကိစ္စမရှိပါဘူး ကားနဲ့မတိုက်မိဘူး ဒီတိုင်းမြေကြီးနဲ့ ပွန်းမိသွားရုံပဲလက်ကို"

"အော်ဟုတ်...."

"ဘာမှမခိုက်မိရင်လည်းသွားမယ်လေ! အချိန်တွေကြာအောင်လုပ်နေတယ် ကျစ်!

ကားထဲမှလူတစ်ယောက်လှမ်းအော်လိုက်တယ်

"ဟုတ်ကဲ့ဗျ"

ကားဒရိုင်ဘာလည်းအမြန်ပဲ ကားထဲပြန်ဝင်သွားတယ်

"ဘယ်လိုလူလဲဟ တောင်းပန်ပါတယ်လို့တောင်မပြောပဲ ရန်တောင်တွေ့နေတယ်"

Rosie ကားတံခါးနားကိုသွားပြီး မှန်ကိုခေါက်လိုက်တယ်

"ဘာလဲ"

လေသံကခပ်မာမာဖြင့်!

"ရှင်ကကျွန်မကိုမတောင်းပန်ပဲ ဒီတိုင်းထွက်သွားမို့လား"

"ဘာကိစ္စမင်းကိုတောင်းပန်ရမှာလဲ"

"ရှင့်ကားနဲ့တိုက်မိတာလေ"

"စောနကမင်းပြောတော့မတိုက်မိဘူးဆို?"

"ဟာ..ရှင်.."

"အပိုစကားတွေပြောမနေနဲ့ ငါကမင်းလို အားယားမနေဘူး"

မှန်ကိုပြန်တင်ကာ ကားထွက်သွားတယ်

"တော်"မုန်းဖို့ကောင်းတဲ့လူပဲ ကျစ်!"

* A Few Minutes Later *

Rosie Kim company ကိုရောက်လာခဲ့တယ်

"ငါအလုပ်ရပါစေ ငါအလုပ်ရမှဖြစ်မယ်"

Only Her..(သူမတစ်ယောက်တည်းသာလျှင်) -Complete-Hikayelerin yaşadığı yer. Şimdi keşfedin