လမ်းတစ်လျှောက်လုံး ငြိမ်သက်နေကြတယ်
ဒါမဲ့ ငြိမ်သက်နေမှုကြီးကို ဖြိုခွင်းလိုက်တဲ့သူက Rosie!"ဟိုလေ သူဌေးက ပြုံးဖူးလား"
Lisa တစ်ချက်လှည့်ကြည့်ပြီး နားမလည်နိုင်တဲ့အကြည့်မျို့နဲ့...
"မင်းဘာကိုဆိုလို?"
"ဟို သူဌေးပြုံးတာမတွေ့ဖူးသေးလို့ပါ"
"အင်း မင်းကဒီနေ့မှ ငါနဲ့တွေ့တာလေ ငါပြုံးဖူးမပြုံးဖူးမင်းဘယ်လိူသိ"
"ဘယ်လိုပဲဖြစ်ဖြစ် အမြဲတမ်း အပြုံးရယ်ရှိတဲ့သူက တစ်နေ့တစ်ခါတော့ပြုံးကြတယ်လေ"
"အော်"
"သူဌေးက တကယ်မပြုံးဖူးဘူးလား"
ထပ်ခါတစ်လဲလဲ အတည်ကြီး မေးနေတဲ့ ကောင်မလေးကိုကြည့်ကာ lisa အရမ်းရယ်ချင်လာတယ်
"ဟာ...သူဌေးပြုံးလိုက်တယ်?"
"ဟင်?"
Lisa ရဲ့ လျပ်တစ်ပြတ် အပြုံးနုနုလေးကို Rosie တွေ့သွားတယ်
Lisa သူကိုယ်တိုင်တောင်ပြုံးလိုက်မိမှန်းမသိ!"ဟုတ်တယ်လေ စောနကသူဌေးပြုံးလိုက်တယ် ကျွန်မမြင်လိုက်တယ်
"ဟုတ်လား"
"အင်း"
"အင်း..."
Rosie's pov- ဘာလို့အဲ့လောက်အေးတိအေးစက်နိုင်ရတာလဲ?
* A Few Minutes Later *
"ညာဘက်ကိုကွေ့လိုက်ရောက်ပြီနော် အာဂျရှီး"
"Nae"
ကားဒရိုင်ဘာကိုပြောလိုက်တယ်
Rosie အိမ်ရှေ့ကိုရောက်တော့
"မင်းဆင်းလို့ရပြီ"
"ဟုတ်"
Rosie လည်းကားထဲကထွက်ပြီး Lisa ကိုကျေးဇူးတင်ကြောင်းပြောမယ်လုပ်တော့ ကားက တန်းပြီးတော့ထွက်သွားလေရဲ့
"ဟင် ကျေးဇူးတင်စကားတောင်မပြောလိုက်ရဘူး"
"အဖောင်းမ"
"ဘန်နီ"
"ဘာတွေငေးနေတာလဲ ငါကားသံကြားလို့ ထွက်လာတာ ဘယ်ကကားလဲ"
"ငါ့သူဌေးကားပါ"
"ဟယ်တကယ် ဘာလာလုပ်တာလဲ"