"Lily သတိရလာပြီလား"
"အင်းး"
"သက်သာလား lily"
Lisa ကတစ်ခုခုကိုသတိရဟန်ဖြင့် ရုတ်တရက်ထထိုင်လိုက်ပြီး။
"Rosie ကျွန်မသူ့ဆီသွားရမယ်"
Lisa ကုတင်ပေါ်မှအမြန်ဆင်းလိုက်သည်။
"နေ...နေပါအုံး"
"....."
"Lily"
"ကျွန်မနာမည် Kim Lisa ပါ အက်လိုပဲခေါ်ပေးပါ ကျွန်မအားလုံးကိုပြန်မှတ်မိပြီမို့"
Ji eun ထိုနေရာမှာတင် ပစ်လဲချင်သွားသည်။ တစ်ရိပ်"နဲ့ဝဲတတ်လာတဲ့ မျက်ရည်တွေကို ထိန်းထားရင်း။
"ပြနိ...ချင်ရင်လေ မနက်ဖြန်မှပြန်ပါနော်"
"ဘာလို့လဲ ကျွန်မအရမ်းအရေးကြီးတယ်"
"Lily အဲ....Lisa က အခုမှသတိရတာဆိုတော့လေ..."
"ဘာမှမဖြစ်ပါဘူး ကျွန်မနေကောင်းတယ်"
"နေကောင်းတယ်ဆိုတာသိပေမဲ့ နောကိဆုံးအနေနဲ့ Ji eunအနားမှာရှိနေစေချင်လို့ပါ"
"မဖြစ်နိုင်ဘူးထင်တယ် ကျွန်မအခုချက်ချင်းသွားမှကိုရမှာ ကျွန်မအရမ်းလောနေပြီ"
"Ji eun အပေါ်မှာ Lisa ကျေးဇူးတွေရှိတယ်နော်"
"အင်းသိပါတယ်မမေ့ပါဘူး အက်ဒီ့အတွက် ကျွန်မကောင်း"ကျေးဇူးပြန်ဆပ်မှာမို့ မပူပါနဲ့"
"Lisa ရဲ့ကျေးဇူးဆပ်နည်းက တစ်နည်းပဲရမယ် အခြားဘာနဲ့မှမရဘူး"
"ဘာကိုဆိုလိုတာလဲ"
"ဒီနေ့တရက်ပဲ Ji eun အနားမှရှိနေပေး ဒါကျေးဇူးဆပ်နည်းပဲ"
"Amm??"
"နော်"
Lisa တစ်ချက်တွေဝေသွားပြီးမှ။
"အင်း ဒီနေ့တရက်ပဲနော် မနက်ဖြန်ကျွန်မပြန်မယ်"
"ကျေးဇူးပါ"
ကျွန်မရှေ့မှာ အခုရပ်နေတဲ့ မိန်းကလေးက
အရင်ကနဲ့လုံးဝခြားနားသည်။ ပျော်ပျော်နေတတ်ပြီး ချစ်စရာကောင်းတဲ့ ထိုမိန်းကလေးက အခုတော့ တခြားလူလိုပင်။ မျက်စိတစ်မှိတ်လျပ်တစ်ပြတ်ဆိုတာ ဒါပဲဖြစ်မည်။ ကျွန်မ မဖြစ်စေချင်ဆုံးအရာကြီးက အခုတော့ဖြစ်သွားခဲ့ပြီ။ Lily က ကျွန်မအနားကနေ ထွက်သွားတော့မယ်တဲ့လေ။