Part 26🌹

330 40 5
                                    

"ဟယ်လို"

"Park Rosie"

"Amm ဘယ်သူများလဲ?"

"မင်းကတို့ကိုမမှတ်မိတော့ဘူးလား"

Rosie က ခဏစဉ်းစားနေဟန်ဖြင့်။

"အော် Kim Jisoo shii ဘာကိစ္စများရှိလို့လဲ"

"မင်းနဲ့ပြောစရာရှိလို့ပါ တို့ချိန်းတဲ့နေရာကိုခဏလောက်လာခဲ့ပေးပါ"

"ကျွန်မမှာတော့ ရှင်နဲ့ပြောစရာရှိမနေဘူးရှင့်"

"မင်းတို့ကိုရွဲ့တာတော်သင့်ပြီ ဒီကိစ္စကအရေးကြီးတယ် လာရမယ့်နေရာကို message ပို့လိုက်မယ် လာဖြစ်အောင်လာခဲ့ပါ"

ပြောပြီးဖုန်းကိုတန်းချသွားသည်။

"သူကငါ့ကိုဘာတွေများပြောအုံးမှာလဲ"

At cafè-

"Unnie သူကလာရောလာမှာလား စောင့်ရတာကြာနေပြီ"

"လာလောက်မှာပါ Jane ရယ် ခဏစောင့်ပါအုံး"

ပြောနေချိန်မှာပဲ ဆိုင်ထဲသို့ Rosie ဝင်လာသည်။

Jisoo တို့ဝိုင်းမှာထိုင်လိုက်ပြီး။

"မင်းလာလို့ဝမ်းသာပါတယ်"

"မလိုပါဘူး ပြောမှာသာပြောပါ"

Jisoo ဘေးက Jane ကိုတချက်ကြည့်ကာ ပြောလိုက်သည်။

"lisa နဲ့အဆက်သွယ်ရလား"

ထိုစကားကိုကြားတော့ Rosie က မဲ့ပြုံးပြုံးလိုက်ပြီး။

"ထင်သားပဲ ဒါပဲမေးမယ်ဆိုတာ"

"တို့မေးတာကိုပဲဖြေပါ"

"ဟင့်အင်း မရဘူး သူနဲ့မတွေ့တာ လတွေတောင်ချိီနေပြီလေ ဘာလို့ခုမှလာမေးနေတာလဲ"

"မယုံဘူး မင်းသူ့အကြောင်းတစ်ခုခုကိုသိလိမ့်မယ် မင်းသိသလောက်တို့ကိုပြောပြပါ"

"ကျွန်မမသိဘူးလို့ပြောပြီးပြီလေ ဘာလို့ဇွတ်လဲ"

"မင်းကရောသိပ်ယုံချင်စရာကောင်းနေလိူ့လား Park Rosie!! ငါတို့မိဘတွေဆုံးသွားတာ မင်းလည်းသိမှာပါ အစ်မတစ်ယောက်အနေနဲ့ Lisa ကိုတွေ့အောင်ရှာပြီးဒါတွေပြောပြသင့်တယ် ငါတို့ရှာတာ လတွေကြာနေပြီ"

Only Her..(သူမတစ်ယောက်တည်းသာလျှင်) -Complete-Where stories live. Discover now