Part 21🌹

323 36 3
                                    

"Morning lily"

"ဟင် ji eun ဆေးရုံမသွားဘူးလား"

"ဒေါကိတာကနားခိုင်းထားတယ်"

"ဘာဖြစ်လို့လဲနေမကောင်းလို့လား"

"နိုးပါ lily ကိုစောင့်ရှောက်ဖို့လေ"

"lily က ခလေးမှမဟုတ်တော့တာဘာမှမဖြစ်ပါဘူး"

ကျွန်မပေးထားတဲ့နာမည်ကို သူ့ကိုယ်သူပြန်သုံးလိုက်တယ်တဲ့လား။ ကျွန်မတောင်မတိုက်တွန်းဖူးတဲ့အရာပဲ။ အမြဲတမ်း 'ငါ' လို့သုံးနေကျ ကောင်မလေးက အခုကျ lily ဆိုတော့ကြိတ်ပျော်မိတယ်။

"ခလေးမဟုတ်လည်း အခုမှနေကောင်းခါစလေ စိတ်မချပါဘူး"

"ဟွန်းးး ပြီးရောပြီးရော"

"Lily မနက်စာဘာစားမလဲ"

"အကုန်စားတယ် ကြိုက်တာကျွေး"

Ji eun မှာမနေနိုင်ပဲ ရီချမိတယ်။

"ရီစရာပါလိူ့လား"

"မပါပါဘူးရှင် ရှင်လေးပြောတာသဘောကျလို့ ကဲ အ့ဆိုထမင်းကြော်ကျွေးမယ် စားမယ်မလား"

"အွန်းစားမှာပေါ့"

"အိုခေ ခဏပဲစောင့်"

Jensoo side-

"unnie..."

အသံတုန်တုန်ရီရီဖြင့် ခေါ်လာတဲ့လေသံတိုးတိုး။

"Jane ရေမနိုးသေးဘူးလား"

Jisoo အခန်းထဲကိုဝင်လာတော့ ကုတင်ပေါ်မှာ စောင်ကိုရင်ဘက်နားထိခြုံထားပြီး ကွေးကွေးလေးအိပ်နေတဲ့ Jane ကိုတွေ့ရတယ်။ ပါးစပ်ကလည်း သူ့ကိုခေါ်နေတာကြောင့် Jisoo မှာပြာပြာသလဲဖြင့် ကုတင်ပေါ်သို့အပြေးသွားရတယ်။

"Jane jane ဘာဖြစ်တာလဲ"

Jisoo က jane ရဲ့နှဖူးကိုလက်နဲ့စမ်းလိုက်တော့ ကိုယ်တွေကကျစ်ကျစ်တောက်ပူနေလိုက်တာဆိုတာ။

"Jane ကိုယ်တေအရမ်းပူနေတာပဲ အာဂျီးမားရေ အာဂျီးမား"

"သမီး ဘာဖြစ်လို့လဲ"

"Jane အဖျားတေတတ်နေတာ ဆရာဝန်ကိုဖုန်းဆက်ခေါ်ပေးပါအုံး ပြီးတော့ ရေပတ်တိုက်ဖို့အတွက် ယူပေးခဲ့ပါအုံး အာဂျီးမား"

"အေးအေးသမီး"

"Jane ခဏနော် unnie ရေပတ်တိုက်ပေးမယ်"

Only Her..(သူမတစ်ယောက်တည်းသာလျှင်) -Complete-Where stories live. Discover now