Part 27🌹

372 44 7
                                    

Lisa luggage ကိုဖွင့်ကြည့်လိုက်သည်။ အိတ်ထဲတွင် အဝတ်စားအများကြီးသိပ်မပါပဲ 4 , 5 စုံလောက်ပဲတွေ့ရသည်။ အဝတ်စားများအောက်မှ စာအုပ်တစ်အုပ်တွေ့သဖြင့် Lisa က ထုတ်ကြည့်လိုက်သည်။

"ဒါကဘာစာအုပ်ပါလိမ့် Diary များလား"

Lisa သိချင်စိတ်ဖြင့် စာအုပ်ကိုအမြန်ဖွင့်ကြည့်လိုက်သည်။

Page 1 -

ဒီကောင်မလေးအပေါ် ငါဘယ်လိုစိတ်တွေရှိနေမိပါလိမ့်။ ငါ့ကိုယ်ငါတောင်မသိတော့ဘူး သူကငါ့ကိုသိပ်စိုးမိုးတာပဲ။

"ဟင် ဘယ်သူ့ကိုပြောတာပါလိမ့် ဒီလက်ရေးကငါ့လက်ရေးတွေဆိုတော့ ဒါငါစာအုပ်ပဲပေါ့ ငါဘယ်သူ့ကိုပြောနေမိခဲ့တာလဲ"

Page 2 -

ငါဘာတွေလုပ်မိလိုက်တာလဲ။ ဒီစိတ်ကတော့ မထိန်းချုပ်နိုင်တော့ပါလား။ သူ့မျက်နှာကိုအနီးကပ်တွေ့နေရတော့ နမ်းချင်စိတ်တွေကတဖွားဖွား။ တကယ်ကြီးနမ်းပစ်လိုက်ကာမှ ငါနောင်တတွေရနေပြီ။ သူအတော်ရှက်သွားမှာပဲ။ ငါ့ကိုအထင်များသေးသွားမလား။

"ဘယ်လို?"

ဒီစာကိုဖတ်ပြီး Lisa ခေါင်းထဲတွင် ပုံရိပ်တစ်ချို့ဖြတ်ပြေးသွားသည်။

"အားလားလား ခေါင်းကိုက်လိုက်တာ"

Page 3 -

နေ့တိုင်းတွေ့နေရတာတောင် ငါ့မှာ ဝေးနေသလိုခံစားနေရတယ်။ ဒါအချစ်ပဲ။ သေချာတာပေါ့ ငါချစ်နေမိတာပဲ။ ခဏခဏခိုးကြည့်တောင်မဝတဲ့ မင်းရဲ့မျက်နှာကို ဘေးနားမှာထားပြီး တစ်နေကုန်ထိုင်ကြည့်ချင်မိတယ်။

"ငါက မိန်းခလေးတစ်ယောက်ကိုချစ်နေမိတာတဲ့လား"

Page 4 -

ရက်စ်!! သူငါ့ကိုမငြင်းဘူး။ သူလည်းငါ့ကိုချစ်နေခဲ့တာပဲ။ ကံကြမ္မာက ငါ့ကိုမျက်နှာသာပေးလွန်းတယ်။ ကျေးဇူးတင်လိုက်တာ။ မင်းကိုမနေ့ထက်ဒီနေ့ထက်အများကြီးပိုပိုပြီးချစ်သွားမယ် ငါ့ရဲ့နှင်းဆီပန်းလေး။

"Amm! ချစ်သူဖြစ်ခဲ့...အ့ ခေါင်းတွေအရမ်းကိုက်တာပဲသေတော့မယ်"

ခေါင်းကိုက်သော်လည်း သူကိုယ်တိုင်ရေးခဲ့တဲ့ဒီစာတွေကို သူကိုယ်တိုင်အဖြေဆက်ရှာနေတုန်းပဲ။ တစ်စတစ်စ ပေါ်ပေါ်လာတဲ့ ပုံရိပ်တွေကလည်း ဝိုးတိုးဝါးတား။ "နှင်းဆီပန်းလေး နှင်းဆီပန်းလေး" ထိုမိန်းခလေးကဘယ်သူပါလိမ့်။

Only Her..(သူမတစ်ယောက်တည်းသာလျှင်) -Complete-Where stories live. Discover now