အကြာကြီးနေမှပြန်ပေါ်လာရလို့အားလုံးကိုတောင်းပန်ပါတယ်။ reader တေကို အလေးမထားတဲ့သဘောမျိုးလည်းမဟုတ်ရပါဘူးရှင်။ ညီမလည်း အချိန်ပြည့်အားနေတဲ့သူမဟုတ်တော့ fic ကိုအချိန်ပေးပြီးမအပ်ဖြစ်တာပါ။ အချိန်မပေးနိုင်မှန်းသိသိရက်နဲ့ကို လက်ကမြင်းပြီး ဒီ ficလေးရေးလိုက်မိလို့ နောင်တရလို့ကိုမဆုံးပါဘူး။ reader လေးတေကိူလည်းအားနာလို့ သေတော့မယ်။ ဘယ်နှရက်ခြားအပ်ပေးပါ့မယ်လို့ကတိတေထပ်မပေးတော့ပဲ အားရင်အားသလိုလာအပ်ပေးပါမယ်ရှင်။ စိတ်ရှည်"စောင့်ပေးကြတာကိုပဲကျေးဇူးပါ။
(မမှတ်မိတော့ရင် 23 ကိုပြန်သွားဖတ်ကြပါ)😌
"Lily ပြီးပြီလား မြန်မြန်လုပ် လေယာဉ်ချိန်နီးနေပြီ"
"လာပြီ ji eun ရဲ့"
"ကြာလိုက်တာကွယ်"
"ဟီးး အဝတ်တေသေချာထည့်နေလို့ပါ ji eunကလည်း"
"ဟုတ်ပါပြီ ကဲ သွားရအောင်"
Ji eun နဲ့ lily တို့ခပ်သုတ်သုတ်ပင် အိမ်ထဲမှထွက်သွားတော့သည်။
At airpot-
"Lily ခဏလေးနော် ဟိုဘက်မှာအသိတစ်ယောက်တွေ့လို့သွားနှုတ်ဆက်လိုက်အုံးမယ် ခဏလေးစောင့်"
"ဟုတ်ပါပြီရှင်"
ji eun ထွက်သွားပြီး Lisa လည်း တစ်ယောက်တည်းရပ်စောင့်နေလိုက်သည်။
"ဟိုမှာ အလုပ်ကိစ္စတွေအဆင်ပြေမှာပါ MT"
"မျှော်လင့်ပါတယ် မ rosie ရယ်"
"ဟုတ်ကဲ့ပါရှင် ဆုတောင်းပေးနေပါ့မယ် ကျွန်မတို့လည်း"
Rosie က သူတို့ရုံးက MT အားလေယာဉ်ကွင်းသို့လိုက်ပို့ခြင်းဖြစ်သည်။
"ဒါဆို ကျနော် တက်ပြီနော်"
"ဟုတ်ကဲ့ပါ"
MT လည်း လေယာဉ်ပေါ်သို့ တက်သွားကာထွက်မည့်အချိန်ကိုစောငိ့နေလိုက်တော့သည်။
"ဟိုအမျိုးသမီး..."
Lisa က rosie ကိုမြင်တော့ တအံ့တဩဖြစ်သွားသည်။
"ခဏနေပါအုံးရှင့်"
Rosie လှည့်ပြန်တော့မည်အလုပ် နောက်မှခေါ်သံကြားတော့။
![](https://img.wattpad.com/cover/308489210-288-k587353.jpg)