"ဟုတ်တယ် နင်မယုံရင်သူ့ကိုပဲကိုယ်တိုင်မေးလိုက်"
"ကျစ်"
Jisoo ဖုန်းချသွားတယ်။
Lisa ကျသွားတဲ့သူ့ဖုန်းကိုကောက်ကိုင်လိုက်ပြီး Rosie ကိုဆက်ဖို့ပြင်တယ်။
ဒီတစ်ခါတော့ jane ကဘာမှမလုပ်ပဲကြည့်နေလိုက်တယ် jisoo ကိုလည်းသူယုံတယ်လေ။*တူ တူ တူ တူ...*
ဖုန်းကတော့ဝင်နေပေမဲ့ တစ်ဖက်ကအခုထိမကိုင်။
"ဟာ ဘာလို့ဖုန်းကိုမကိုင်တာလဲ Park rosie!!"
Lisa စိတ်တိုပြီးအော်လိုက်တယ်။
Rosie side-
rosie သူ့ရဲ့အိမ်ကိုပြန်ရောက်လာခဲ့တယ်။
လူကလည်း အရုပ်ကြိုးပျက်သလိုပုံစံနဲ့ အားအင်မရှိတော့တဲ့ လူလိုပဲ။"ဟက် rosie"
"....."
rosie က ဘာကိုမှအာရုံမရတော့ပဲ အခန်းထဲကိုသာ ငူငူငိုင်ငိုင်နဲ့ဝင်သွားတယ်။
"ဘာလဲဟ ဘာဖြစ်လာတာလဲ"
Rosie အခန်းထဲကိုရောက်တော့ ဘုန်းကနဲပဲ ကြမ်းပြင်ပေါ်ကိုလဲကျသွားခဲ့တယ်။
"မဖြစ်နိုင်ဘူး li ကငါ့ကိုတကယ်မချစ်ခဲ့ဘူးပေါ့ ဒါကအမှန်တရားလား??"
တစ်ယောက်တည်းရေရွတ်နေပြိး မျက်ရည်တွေလည်းစီးကျနေခဲ့တယ်။
"ဟက် rosie!တံခါးဖွင့်ပါအုံး ဘာဖြစ်တာလဲ ဟဲ့"
အပြင်မှ nayeon ကတောက်လျှောက်အော်ခေါ်နေပေမဲ့ rosie ကတော့ဘာကိုမှကြားမည့်ပုံမပေါ်တော့။
"ဘာလို့လဲ ငါကသူ့ကိုအရမ်းချစ်ခဲ့တာလေ ငါ့အချစ်ကိုဘာလို့ကစားတာလဲ စေ့စပ်မယ့်သူတောင်ရှိတယ်တဲ့ ဟက်! ငါကရှင်လျက်နဲ့သေနေသလိုပါပဲလား"
Rosie ရဲ့ဖုန်းလေးမှာလည်း တရက်စက်မြည်နေလေသည်။
Jenlisa side-
"အားးးစိတ်ညစ်စရာပဲ"
"Honey ရယ်သူမှမကိုင်တာ သူ့ရဲ့နောက်တစ်ယောက်ဆိုတဲ့လူနဲ့သာယာနေလို့နေမာပေါ့"
"မင်း! မင်းပါးစပ်ကိုပိတ်ထားလိုက် ငါဘာသံမှမကြားချင်ဘူး Jennie Kim"
Lisa ကတော့တောက်လျှောက်ဖုန်းခေါ်ဆဲပါပဲ။
Jane လည်းအခန်းထဲကနေထွက်လာခဲ့လိုက်တယ်။ ဒီလိုအချိန်မှာ သူ့က်ုတစ်ယောက်တည်းနေခိုင်းတာ ပ်ုအဆင်ပြေမယ်ဆိုတာသူသိတယ်လေ။