Part - 7🌹

439 51 10
                                    

*ဒေါက် ဒေါက် ဒေါက်*

"ဘာလဲ ဘာကိစ္စလဲ"

"ဟို...ဟို jane အခန်းထဲမှာလေ.."

"ကျစ် Jennie kim! စကား ကိုဘယ်လိုပြောနေတာလဲ ငါစိတ်မရှည်ဘူး"

"ဟို jane အခန်းထဲမှာ ပိုးဟပ် အင်း ပိုးဟပ်တွေ့လို့ မောင်းထုတ်ပေးပါအုံးနော် honey နော်"

"မင်း! ပိုးဟပ်တောင်ကြောက်နေရလား မမောင်းပေးနိုင်ဘူး အိပ်စရာရှိတာအိပ်တော့"

"ဟင့်အင်း jane မအိပ်ဘူး ပိုးဟပ်ကြောက်တယ် မောင်းထုတ်ပေးပါနော် မဟုတ်ရင် honey အခန်းထဲမှာအိပ်မှာ jane မှာသော့အပိုရှိတယ်နော်"

"မင်း!"

Lisa ထွက်လာတော့မယ်ဆိုတာသိ၍ jane အခန်းထဲကိုအမြန်ပြေးဝင်သွားတယ်

"မင်း ဒါဘာလုပ်နေတာလဲ jane"

"Honey က jane ကိုမချစ်ဘူးလေ အက်တော့ jane အသက်ရှင်နေလို့လည်းဘာမှမထူးတော့ဘူးလေ ဟုတ်တယ်မလား"

လက်ထဲမှာ ဓားတစ်ချောင်းကိုကိုင်ထားပြီး သူမလည်ပင်းနားမှာရွယ်ထားတဲ့ jane

"မင်း! မင်းချလိုက်နော်အဲ့ဓားကို"

"ဟင့်အင်းမချနိုင်ဘူး"

Lisa ရှေ့ကိုတိုးပြီးဓားကိုဖယ်ချဖို့လုပ်သည်

Jane က သူ့လက်ကောက်ဝတ်ကို ဓားနဲ့အသာပွန်းလိုက်​တော့ သွေးတွေစီးကျလာသည်

Lisa အရမ်းလန့်သွားသည်

"Jane!!"

"Honey jane ကိုလက်ထပ်ပါနော် နော် honey jane တောင်းပန်ပါတယ် မဟုရင် jane အသက်ကို jane စတေးပစ်ဖို့ ဝန်မလေးဘူးနော် ဟင့်"

"မင်းကအတော်ကိုမုန်းဖို့ကောင်းတာပဲ jennie kim"

"ဟင့်အင်း အဲ့လိုမပြောပါနဲ့ ကျေးဇူးပြုပြီး အီးဟီး jane တောင်းပန်ပါတယ် honey အမုန်းတွေကို jane မခံနိုင်ဘူး ဘာပဲဖြစ်ဖြစ် jane အပေါ်မှာ honey သံယောဇဉ်ရှိတယ်မလားဟင် jane သေမှာကိုကြောက်တယ်မလား ဟင်လို့ ဟီးး"

"တော်တော့ jane ငါ..."

"Jane က honey ကိုတကယ်ချစ်တာပါ ကျေးဇူးပြုပြီး အာ့"

ရုတ်တရက် jane ရဲ့လက်ကသွေးထွက်လွန်လာပြီး jane အတော်နာနေပုံရတယ်

Only Her..(သူမတစ်ယောက်တည်းသာလျှင်) -Complete-Where stories live. Discover now