All I want is just you smile!🌻

222 16 0
                                    

ခြေလှမ်းလေးကို ခပ်ဖွဖွ နင်းလျှောက်လို့ ခင်ဗျားရဲ့ ဘဝထဲတိုးဝင်မိတယ် ...

ခင်ဗျားကတော့ ဟက်ဟက်ပက်ပက် ပြုံးပျော်နေလေရဲ့...

ကျေကျေနပ်နပ်ပြုံးလိုက်မိပြီး ခပ်ဖွဖွလှမ်းရင်း နောက်ပြန်ဆုတ်လိုက်တယ်...

အင်း...မမြင်အောင်တိုးဝင်ရင်း သတိမထားမိခင်မှာပဲနောက်ပြန်ဆုတ်လိုက်တယ်...

မတော်လို့ ခင်တွယ်သွားမိရင် ခင်ဗျားနာကျင်ရမှာစိုးလို့...(လိုချင်တာက ခင်မင်မှုမှမဟုတ်တာပဲ~)

အဝေးတစ်နေရာကနေပဲ ခင်ဗျားပျော်နေတာကို အပြုံးလေးနဲ့ငေးကြည့်တော့မယ်...

ထာဝရပျော်ရွှင်ပါစေ ချစ်ရတဲ့ခင်ဗျားရေ~

တကယ့်ကို လှိုက်လှိုက်လှဲလှဲ နဲ့ တောင်းဆုပြုပေးပါတယ်။

လိုအပ်သမျှက ခင်ဗျားပြုံးပျော်နေဖို့~

#ချစ်သောမြူ















#ချစ်သောမြူ



သက်ဆိုင်သူမရှိသော ချစ်သဝဏ်လွှာများWhere stories live. Discover now