I may not think about u tomorrow 💔

11 2 2
                                    

မနက်​ဖြန်တော့ မင်းကိုမေ့ပစ်တော့မယ်
ငါ ဒီစကားကို မနက်ဖြန်တိုင်းမှာ ပြောခဲ့တာ ရက်ပေါင်း1500ကျော်ခဲ့ပြီ
လူတစ်ယောက်ကို မေ့ပစ်ချင်တဲ့အခါ သူ့အကြောင်းမတွေးပါနဲ့တဲ့
ငါမတွေးပါဘူး ဒါပေမဲ့
နာမည်တူလေးကြားလိုက်ရတာနဲ့ ငါ့ရင်ကခပ်ပြင်းပြင်း လှုပ်ခတ်သွားတာမျိုး
ပုံစံဆင်တူတာလေးတွေ့မိတာနဲ့ လိုက်ငေးနေမိတာမျိုး
ဆက်သွယ်လာလေမလား အတွေးနဲ့ ခုထိဖုန်းကဒ် အဟောင်းလေး သုံးနေမိတာမျိုး
ဦးနှောက်က ​မေ့ပစ်ဖို့ တွင်တွင်ပြောနေပေမဲ့
နှလုံးသားကတော့ မင်းမှမင်း ဖြစ်နေတာမျိုး
ကဲ ငါဘာဆက်လုပ်ရမလဲ တစိတ်လောက် လမ်းညွှန်ပေးနိုင်မလား~

#Mist(မြူ)


မနက္​ျဖန္ေတာ့ မင္းကိုေမ့ပစ္ေတာ့မယ္
ငါ ဒီစကားကို မနက္ျဖန္တိုင္းမွာ ေျပာခဲ့တာ ရက္ေပါင္း1500ေက်ာ္ခဲ့ၿပီ
လူတစ္ေယာက္ကို ေမ့ပစ္ခ်င္တဲ့အခါ သူ႕အေၾကာင္းမေတြးပါနဲ႕တဲ့
ငါမေတြးပါဘူး ဒါေပမဲ့
နာမည္တူေလးၾကားလိုက္ရတာနဲ႕ ငါ့ရင္ကခပ္ျပင္းျပင္း လႈပ္ခတ္သြားတာမ်ိဳး
ပုံစံဆင္တူတာေလးေတြ႕မိတာနဲ႕ လိုက္ေငးေနမိတာမ်ိဳး
ဆက္သြယ္လာေလမလား အေတြးနဲ႕ ခုထိဖုန္းကဒ္ အေဟာင္းေလး သုံးေနမိတာမ်ိဳး
ဦးႏွောက္က ​ေမ့ပစ္ဖို႔ တြင္တြင္ေျပာေနေပမဲ့
ႏွလုံးသားကေတာ့ မင္းမွမင္း ျဖစ္ေနတာမ်ိဳး
ကဲ ငါဘာဆက္လုပ္ရမလဲ တစိတ္ေလာက္ လမ္းၫႊန္ေပးနိုင္မလား~

#Mist(ျမဴ)

သက်ဆိုင်သူမရှိသော ချစ်သဝဏ်လွှာများWhere stories live. Discover now