love letter💌
19 3 0
ကောင်းကင်ကြီးကို မော့ကြည့်ရင်း
မင်းကို ဘယ်လောက်ချစ်ကြောင်း တိုင်တည်မယ်
တစ်မိုးအောက်မှာ အတူနေသူမို့
ငါ့စကားတွေကို မင်းဆီ ပါးပေးလောက်ရဲ့
တိမ်စိုင်တွေမှာ ငါ့အလွမ်းတွေချိတ်ဆွဲလို့
မင်းဆီ ပို့ပေးလိုက်မယ်_
မင်းဆီ ရောက်ကောင်းပါရဲ့_
တိုက်ခတ်နေတဲ့ လေညှင်းသွဲ့သွဲ့မှာ
ချစ်ခြင်းဖွဲ့သံစဥ်တွေ မင်းဆီညွှန်းမယ်
မင်း ရွှေနားတော်တွင်း ရောက်တန်ကောင်းရဲ့
လောကကြီးဟာ ပေါင်းကူးတံတားအဖြစ်
ငါ့အချစ်တွေကို မင်းဆီ သီဖွဲ့ပေးရင်
သိပ်ကောင်းမှာပဲ ချစ်သောရေ_
မင်းနဲ့အတူရှိဖို့ဆိုတာ ငါ့ရဲ့စိတ်ကူးယဥ်အိပ်မက်လေးမို့။ ။
#Mist(မြူ)
#Mist(မြူ)
သက်ဆိုင်သူမရှိသော ချစ်သဝဏ်လွှာများWhere stories live. Discover now