One -Sided Love💔

53 6 0
                                    

'တစ်ဖတ်သတ် အချစ်' တဲ့

ဝဋ်ကြွေးတွေအပြည့်နဲ့ စကားလုံးလှလှလေး

ဒါမှမဟုတ် ချိုမြိန်တဲ့ငရဲလေးပေါ့

မင်းကိုချစ်တယ် မင်းချစ်တဲ့လူကတော့ ကိုယ်မဟုတ်ဘူး~

မင်းကိုပြုံးနေတာကိုကြည့်ရင်း ကိုယ်လဲပြုံးမိပါရဲ့ မျက်ရည်တွေအပြည့်နဲ့ပေါ့~

မဝံ့မရဲငေးကြည့်နေမိရင်း မင်းဘေးကလူကို စိတ်ထဲ ဓားနဲ့ထိုးသတ်နေမိတာက အခါခါ

လက်တွေ့မှာတော့ မဝံ့ရဲပါဘူး မင်းလေးဝမ်းနည်းမှာကို သေမလိုကြောက်တာမို့လို့~

ပျော်ပျော်နေပါကလေးရေ မင်းပျော်ရင် ကိုယ်ကတော့ ငိုနေရတာပေါ့~

အစိတ်အမွှာမွှာ ကွဲနေပြီးသားနှလုံးသားက ထူးပြီးတော့မနာကျင်တော့ပါဘူး နာကျင်ရလွန်းလို့ထုံနေပြီ ကလေးရဲ့~

တစ်ဖတ်သတ်အချစ်ဆိုတဲ့ ဝဋ်ကြွေးလှလှလေးကို ကိုယ်ကပွေ့ပိုက်ရင်း နေပါ့မယ် မင်းကတော့ ချစ်ရတဲ့သူတဲ့သာ ပျော်ပျော်နေပေးပါ~

မချစ်ဖို့တော့ မတားပါနဲ့လား~ ချစ်နေရယုံနဲ့ ကျေနပ်တာမို့လို့~
ကိုယ်ပျော်မွေ့ရာ ချိုမြိန်တဲ့ငရဲလေးမို့လို့~

#ချစ်သောမြူ💜












'တစ်ဖတ်သတ် အချစ်' တဲ့











#ချစ်သောမြူ💜









သက်ဆိုင်သူမရှိသော ချစ်သဝဏ်လွှာများWhere stories live. Discover now