I 💜 U

28 5 3
                                    


'ချစ်တယ် '

ဘယ်တွေကိုလိုက်ကြည့်နေတာလဲ အူတူတူနဲ့ မင်းကိုပြောနေတာ~(သိပ်ချစ်ဖို့ကောင်းအောင်လုပ်မနေနဲ့)

ရှူးး

ကိုယ်ပြောတာလေး ဆက်နားထောင်ပေး

မင်းရဲ့မျက်ဝန်းတွေဟာ ကိုယ်နစ်ဝင်ဖို့အကြောင်းပြချက်တွေပါပဲ

မျက်လုံးဖွင့်လိုက်တာနဲ့ အရင်ဆုံးတွေ့တဲ့လူက မင်း ဖြစ်ချင်သလို

မျက်လုံးမမှိတ်ခင်နောက်ဆုံးတွေ့ရတဲ့လူကလဲ မင်းပဲ ဖြစ်စေချင်တယ်~

မင်းပြိုလဲတဲ့အချိန်မှာ နားခိုရာရင်ခွင်မှာ ကိုယ်ပဲဖြစ်စေချင်သလို

မင်းတောက်ပတဲ့အချိန်မှာ လက်ခုပ်တီးပေးတဲ့လူဟာ ကိုယ်ပဲဖြစ်ချင်မိပါရဲ့~

ကတိစကားတွေကို မယုံကြည်မှန်း ကိုယ်သိပါတယ်~

ဒီတော့ 'ချစ်တယ်' လို့အစချီပြီး နေ့ရှိသ၍ ချစ်တေးဖွဲ့သီပေးမယ်

မင်းလေးက နားဆင်ပေး~

'ချစ်တယ်' လို့အစချီပြီး နေ့ရှိသ၍ သက်သေပြပေးမယ်

မင်းလေးက လက်ခံပေး~

ယုံယုံကြည်ကြည်နဲ့ လက်ခံပေး baby~
ကိုယ်က ရိုးမြေကျတဲ့အထိ သက်သေပြပေးမှာမို့~

#Mist(မြူ)








'ခ်စ္တယ္ '

ဘယ္ေတြကိုလိုက္ၾကည့္ေနတာလဲ အူတူတူနဲ႕ မင္းကိုေျပာေနတာ~(သိပ္ခ်စ္ဖို႔ေကာင္းေအာင္လုပ္မေနနဲ႕)

ရႉးး

ကိုယ္ေျပာတာေလး ဆက္နားေထာင္ေပး

မင္းရဲ႕မ်က္ဝန္းေတြဟာ ကိုယ္နစ္ဝင္ဖို႔အေၾကာင္းျပခ်က္ေတြပါပဲ

မ်က္လုံးဖြင့္လိုက္တာနဲ႕ အရင္ဆုံးေတြ႕တဲ့လူက မင္း ျဖစ္ခ်င္သလို

မ်က္လုံးမမွိတ္ခင္ေနာက္ဆုံးေတြ႕ရတဲ့လူကလဲ မင္းပဲ ျဖစ္ေစခ်င္တယ္~

မင္းၿပိဳလဲတဲ့အခ်ိန္မွာ နားခိုရာရင္ခြင္မွာ ကိုယ္ပဲျဖစ္ေစခ်င္သလို

မင္းေတာက္ပတဲ့အခ်ိန္မွာ လက္ခုပ္တီးေပးတဲ့လူဟာ ကိုယ္ပဲျဖစ္ခ်င္မိပါရဲ႕~

ကတိစကားေတြကို မယုံၾကည္မွန္း ကိုယ္သိပါတယ္~

ဒီေတာ့ 'ခ်စ္တယ္' လို႔အစခ်ီၿပီး ေန႕ရွိသ၍ ခ်စ္ေတးဖြဲ႕သီေပးမယ္

မင္းေလးက နားဆင္ေပး~

'ခ်စ္တယ္' လို႔အစခ်ီၿပီး ေန႕ရွိသ၍ သက္ေသျပေပးမယ္

မင္းေလးက လက္ခံေပး~

ယုံယုံၾကည္ၾကည္နဲ႕ လက္ခံေပး baby~
ကိုယ္က ရိုးေျမက်တဲ့အထိ သက္ေသျပေပးမွာမို႔~

#Mist(ျမဴ)

သက်ဆိုင်သူမရှိသော ချစ်သဝဏ်လွှာများWhere stories live. Discover now