My youth✨

20 5 4
                                    

မင်းကိုဘာလို့ ချစ်ခဲ့မိတာလဲ?

ဒီမေးခွန်းရဲ့ အဖြေကို ငါကိုယ်တိုင်တောင်သေချာမသိ_
အဖြူ အစိမ်းကျောင်းဝတ်စုံလေးနဲ့သိပ်ကိုလိုက်ဖက်လွန်းနေခဲ့လို့လား?
ဖြူစင်လွန်းတဲ့အပြုံးတွေကြောင့်လား?
သိပ်ကိုချောလွန်းတဲ့ရုပ်ရည်ကြောင့်လား?
စာ အရမ်းတော်လွန်းလို့လား?
ဘာ့ကြောင့်ပဲဖြစ်ဖြစ် မင်းကိုသဘောကျခဲ့မိတာတော့အမှန်ပဲ_
ကျောင်းမင်းသားလေးနဲ့ ဘဲရုပ်ဆိုးလေးတို့ပေါင်းဖက်မှုက ဇာတ်လမ်းတွေထဲမှာသာရှိနေတော့လဲ______
သို့ပေမဲ့ အတိတ်ဆီ ရွက်လွှင့်တဲ့အခါ
မင်းကငါ့ရဲ့ငယ်ရွယ်မှုပါပဲ
တကယ်လို့ အဲ့အချိန်ကိုသာပြန်သွားနိုင်ခဲ့ရင်
အရင်အတိုင်းပဲ မင်းကိုခိုးခိုးကြည့်မယ်
မင်းနားဝိုင်းဝိုင်းလည်နေသူတွေကို တိတ်တိတ်လေးသဝန်တိုမယ်
မင်းငါ့ကိုစကားပြောတဲ့အချိန်တွေဟာ
ငါ့ဘဝရဲ့တန်ဖိုးအရှိဆုံးမှတ်ဉာဏ်တွေပေါ့
မင်းမသိလောက်ပေမဲ့ မင်းကငါ့အတွက်သိပ်ကိုအရေးပါလွန်းပါတယ်
ငါ့ရဲ့ငယ်ရွယ်မှုရေ ။ ။

#Mist(မြူ)


မင္းကိုဘာလို႔ ခ်စ္ခဲ့မိတာလဲ?
ဒီေမးခြန္းရဲ႕ အေျဖကို ငါကိုယ္တိုင္ေတာင္ေသခ်ာမသိ
အျဖဴ အစိမ္းေက်ာင္းဝတ္စုံေလးနဲ႕သိပ္ကိုလိုက္ဖက္လြန္းေနခဲ့လို႔လား?
ျဖဴစင္လြန္းတဲ့အၿပဳံးေတြေၾကာင့္လား?
သိပ္ကိုေခ်ာလြန္းတဲ့႐ုပ္ရည္ေၾကာင့္လား?
စာ အရမ္းေတာ္လြန္းလို႔လား?
ဘာ့ေၾကာင့္ပဲျဖစ္ျဖစ္ မင္းကိုသေဘာက်ခဲ့မိတာေတာ့အမွန္ပဲ
ေက်ာင္းမင္းသားေလးနဲ႕ ဘဲ႐ုပ္ဆိုးေလးတို႔ေပါင္းဖက္မႈက ဇာတ္လမ္းေတြထဲမွာသာရွိေနေတာ့လဲ______
သို႔ေပမဲ့ အတိတ္ဆီ ႐ြက္လႊင့္တဲ့အခါ
မင္းကငါ့ရဲ႕ငယ္႐ြယ္မႈပါပဲ
တကယ္လို႔ အဲ့အခ်ိန္ကိုသာျပန္သြားနိုင္ခဲ့ရင္
အရင္အတိုင္းပဲ မင္းကိုခိုးခိုးၾကည့္မယ္
မင္းနားဝိုင္းဝိုင္းလည္ေနသူေတြကို တိတ္တိတ္ေလးသဝန္တိုမယ္
မင္းငါ့ကိုစကားေျပာတဲ့အခ်ိန္ေတြဟာ
ငါ့ဘဝရဲ႕တန္ဖိုးအရွိဆုံးမွတ္ဉာဏ္ေတြေပါ့
မင္းမသိေလာက္ေပမဲ့ မင္းကငါ့အတြက္သိပ္ကိုအေရးပါလြန္းပါတယ္
ငါ့ရဲ႕ငယ္႐ြယ္မႈေရ ။ ။

#Mist(ျမဴ)

သက်ဆိုင်သူမရှိသော ချစ်သဝဏ်လွှာများWhere stories live. Discover now