Why?

16 4 0
                                    

ဘာ့ကြောင့် ငါ့ကိုမချစ်ဘူးလို့ ပြောရတာလဲ?
ငါတကယ် နားမလည်လို့ပါ မင်းရယ်_
မျက်ဝန်းတွေဟာ မညာတတ်ဘူးတဲ့_
မင်းလဲ ငါ့ကို ချစ်တယ်မဟုတ်လား?
ဒါဆို ဘာလို့ ကျောခိုင်းထွက်သွားရတာလဲ?
ငါလဲ နှလုံးသားနဲ့လူတစ်ယောက် နာကျင်တတ်တယ်_
မင်းမရှိလဲ အဆင်ပြေတယ်လို့ ဘာ့ကြောင့်တွေးရတာလဲ?
ငါက မင်းထင်သလို မသန်မာပါဘူးကွာ_
တစ်စစီ ကွဲကြေနေတဲ့နှလုံးသားဟာ သွေးစိမ်းရှင်ရှင်ထွက်လို့_
ဘာ့ကြောင့်လဲ? ဘာ့ကြောင့်ငါ့ကိုထားခဲ့ရတာလဲ?
မင်းပြောစမ်းပါ.... ပြော.....
နှုတ်ဆိတ်လျက်သား ထွက်မသွားပါနဲ့_
ငါသေမလိုခံစားနေရတာတောင် မင်းကအဆင်ပြေတယ်လား?
မင်းပြောသမျှအကုန်လုပ်ပေးမှာမို့ ထွက်မသွားပါနဲ့_
မင်းကတော့ ငါ့ရင်တွင်းစကားသံတို့ကိုမကြားနိုင်စွာ
ငါ့မြင်ကွင်းကနေပျောက်ကွယ်သွားလေရဲ့။ ။

#Mist(မြူ)










ဘာ့ေၾကာင့္ ငါ့ကိုမခ်စ္ဘူးလို႔ ေျပာရတာလဲ?
ငါတကယ္ နားမလည္လို႔ပါ မင္းရယ္_
မ်က္ဝန္းေတြဟာ မညာတတ္ဘူးတဲ့_
မင္းလဲ ငါ့ကို ခ်စ္တယ္မဟုတ္လား?
ဒါဆို ဘာလို႔ ေက်ာခိုင္းထြက္သြားရတာလဲ?
ငါလဲ ႏွလုံးသားနဲ႕လူတစ္ေယာက္ နာက်င္တတ္တယ္_
မင္းမရွိလဲ အဆင္ေျပတယ္လို႔ ဘာ့ေၾကာင့္ေတြးရတာလဲ?
ငါက မင္းထင္သလို မသန္မာပါဘူးကြာ_
တစ္စစီ ကြဲေၾကေနတဲ့ႏွလုံးသားဟာ ေသြးစိမ္းရွင္ရွင္ထြက္လို႔_
ဘာ့ေၾကာင့္လဲ? ဘာ့ေၾကာင့္ငါ့ကိုထားခဲ့ရတာလဲ?
မင္းေျပာစမ္းပါ.... ေျပာ.....
ႏႈတ္ဆိတ္လ်က္သား ထြက္မသြားပါနဲ႕_
ငါေသမလိုခံစားေနရတာေတာင္ မင္းကအဆင္ေျပတယ္လား?
မင္းေျပာသမွ်အကုန္လုပ္ေပးမွာမို႔ ထြက္မသြားပါနဲ႕_
မင္းကေတာ့ ငါ့ရင္တြင္းစကားသံတို႔ကိုမၾကားနိုင္စြာ
ငါ့ျမင္ကြင္းကေနေပ်ာက္ကြယ္သြားေလရဲ႕။ ။

#Mist(ျမဴ)

သက်ဆိုင်သူမရှိသော ချစ်သဝဏ်လွှာများWhere stories live. Discover now