Photo💜

17 3 0
                                    

ဟင်.......
NewFeed ကြည့်နေရင်း ပုံလေးတစ်ပုံကိုတွေ့လိုက်ရတယ်
social သုံးရတာ သဘောမကျတဲ့တစ်ယောက်သောသူရဲ့ ပုံလေးပေါ့
သူ့ပုံလေး ကိုတွေ့ရဖို့ဆိုတာ ရှားရှားပါးပါး
ပုံလေးကို လက်ညှိုးလေးနဲ့အသာတို့ထိရင်း ပြုံးလိုက်မိရဲ့
မတွေ့ရတာဘယ်လောက်တောင်ကြာနေပါလိမ့်
သူကတော့ ချောလာလိုက်တာဆိုတာ
ဒီတိုင်းလေးပဲ ပြုံးရင်း တစိမ့်စိမ့် ဆက်ကြည့်နေမိတယ်
တသိမ့်သိမ့် နွေးထွေးလာတဲ့ ရင်ခုန်သံက စည်းချက်မညီစွာ
ဝေးခြင်း နီးခြင်းဆိုတာ ငါ့ကမ္ဘာမှာမရှိဘူး
ဒီတိုင်းလေး ချစ်နေရယုံနဲ့ ကျေနပ်တာမို့လို့
မင်းအတွက်ဆို ငါက အဲ့လောက်ထိ အတ္တမဲ့ပါတယ် ။ ။

#Mist (မြူ)




ဟင္.......
NewFeed ၾကည့္ေနရင္း ပုံေလးတစ္ပုံကိုေတြ႕လိုက္ရတယ္
social သုံးရတာ သေဘာမက်တဲ့တစ္ေယာက္ေသာသူရဲ႕ ပုံေလးေပါ့
သူ႕ပုံေလး ကိုေတြ႕ရဖို႔ဆိုတာ ရွားရွားပါးပါး
ပုံေလးကို လက္ညွိုးေလးနဲ႕အသာတို႔ထိရင္း ၿပဳံးလိုက္မိရဲ႕
မေတြ႕ရတာဘယ္ေလာက္ေတာင္ၾကာေနပါလိမ့္
သူကေတာ့ ေခ်ာလာလိုက္တာဆိုတာ
ဒီတိုင္းေလးပဲ ၿပဳံးရင္း တစိမ့္စိမ့္ ဆက္ၾကည့္ေနမိတယ္
တသိမ့္သိမ့္ ႏြေးေထြးလာတဲ့ ရင္ခုန္သံက စည္းခ်က္မညီစြာ
ေဝးျခင္း နီးျခင္းဆိုတာ ငါ့ကမၻာမွာမရွိဘူး
ဒီတိုင္းေလး ခ်စ္ေနရယုံနဲ႕ ေက်နပ္တာမို႔လို႔
မင္းအတြက္ဆို ငါက အဲ့ေလာက္ထိ အတၱမဲ့ပါတယ္ ။ ။

#Mist (ျမဴ)

သက်ဆိုင်သူမရှိသော ချစ်သဝဏ်လွှာများWhere stories live. Discover now