That deep sea💙

13 3 0
                                    

မောင့်မျက်ဝန်းတွေဟာ နက်ရှိုင်းတဲ့ပင်လယ်
အတိမ်အနက်ကို ဖောက်မမြင်နိုင်စွာ သိပ်ကိုညှို့ငင်နိုင်လွန်းရဲ့
မာယာများတဲ့ ပင်လယ်ဝယ် ကိုယ့်စိတ်နဲ့ကိုယ် သက်ဆင်း ပျော်မွေ့မိရဲ့
အန္တရာယ်များ မှန်းသိပေမဲ့ သိပ်ကိုလှပလွန်းတဲ့ ပင်လယ်ရဲ့ညှို့ဓာတ်ကို မလွန်ဆန်နိုင်ခဲ့
အသက်ရှုမဝနိုင်အောင် မွန်းကြပ် နစ်မြုပ်ခဲ့ပြီမှန်း သိပေမဲ့
ပင်လယ်ရဲ့မိစ္ဆာခေါ်သံကို ချိုမြန်တဲ့ တေးဂီတအဖြစ် မှတ်ယူနေမိဆဲ
ပင်လယ်ရဲ့ မရဏထောင်ချောက်ဝယ် ကူရာကယ်ရာမဲ့
သို့ပေမဲ့ ကယ်တင်ဖို့ မလိုအပ်ပါဘူး
ပင်လယ်ဟာ ဒီဖြစ်တည်မှုကို ဝါးမြိုမယ်ဆိုရင်တောင် ကြည်ဖြူခဲ့ပြီးမို့ ။ ။

#Mist(မြူ)



ေမာင့္မ်က္ဝန္းေတြဟာ နက္ရွိုင္းတဲ့ပင္လယ္
အတိမ္အနက္ကို ေဖာက္မျမင္နိုင္စြာ သိပ္ကိုညွို႔ငင္နိုင္လြန္းရဲ႕
မာယာမ်ားတဲ့ ပင္လယ္ဝယ္ ကိုယ့္စိတ္နဲ႕ကိုယ္ သက္ဆင္း ေပ်ာ္ေမြ႕မိရဲ႕
အႏၱရာယ္မ်ား မွန္းသိေပမဲ့ သိပ္ကိုလွပလြန္းတဲ့ ပင္လယ္ရဲ႕ညွို႔ဓာတ္ကို မလြန္ဆန္နိုင္ခဲ့
အသက္ရႈမဝနိုင္ေအာင္ မြန္းၾကပ္ နစ္ျမဳပ္ခဲ့ၿပီမွန္း သိေပမဲ့
ပင္လယ္ရဲ႕မိစ္ဆာေခၚသံကို ခ်ိဳျမန္တဲ့ ေတးဂီတအျဖစ္ မွတ္ယူေနမိဆဲ
ပင္လယ္ရဲ႕ မရဏေထာင္ေခ်ာက္ဝယ္ ကူရာကယ္ရာမဲ့
သို႔ေပမဲ့ ကယ္တင္ဖို႔ မလိုအပ္ပါဘူး
ပင္လယ္ဟာ ဒီျဖစ္တည္မႈကို ဝါးၿမိဳမယ္ဆိုရင္ေတာင္ ၾကည္ျဖဴခဲ့ၿပီးမို႔ ။ ။

#Mist(ျမဴ)



သက်ဆိုင်သူမရှိသော ချစ်သဝဏ်လွှာများWhere stories live. Discover now