Just a stranger!🥀

23 5 0
                                    

ဟင်းး ဒီလိုပဲ တိုက်ဆိုင်မှုတွေရှိရင် သတိရတယ်
မိုးလေးဖွဲဖွဲကျနေရင် မင်းကိုလွမ်းတယ်
နေရောင်ခြည်နုနု သာယာနေတဲ့အချိန် မင်းကိုအောက်မေ့မိပြန်ရော
မင်းဘာတွေလုပ်နေလဲ social mediaမှာcheckလုပ်တယ်
ရယ်မောနေတဲ့မင်းကိုမြင်ရင် ငါလဲလိုက်ရယ်မိတယ်
ညှိုးငယ်နေတဲ့မင်းကိုမြင်ရင် ပူပန်ရတာအမော
ဝမ်းနည်းနေတဲ့မင်းကိုမြင်ရင် ငါပါမျက်ရည်ကျမိရော
မင်းအဆင်ပြေပါစေလို့ နေ့တိုင်းတောင်းဆုခြွေပေးတယ်
ဒီလောက်လေးပဲ လုပ်ပေးဖို့အခွင့်ရှိရဲ့_
ငါဟာ မင်းအတွက် သူစိမ်းသက်သက်သာဖြစ်သည်မို့ ။ ။

#Mist(မြူ)





ဟင္းး ဒီလိုပဲ တိုက္ဆိုင္မႈေတြရွိရင္ သတိရတယ္
မိုးေလးဖြဲဖြဲက်ေနရင္ မင္းကိုလြမ္းတယ္
ေနေရာင္ျခည္ႏုႏု သာယာေနတဲ့အခ်ိန္ မင္းကိုေအာက္ေမ့မိျပန္ေရာ
မင္းဘာေတြလုပ္ေနလဲ social mediaမွာcheckလုပ္တယ္
ရယ္ေမာေနတဲ့မင္းကိုျမင္ရင္ ငါလဲလိုက္ရယ္မိတယ္
ညွိုးငယ္ေနတဲ့မင္းကိုျမင္ရင္ ပူပန္ရတာအေမာ
ဝမ္းနည္းေနတဲ့မင္းကိုျမင္ရင္ ငါပါမ်က္ရည္က်မိေရာ
မင္းအဆင္ေျပပါေစလို႔ ေန႕တိုင္းေတာင္းဆုေႁခြေပးတယ္
ဒီေလာက္ေလးပဲ လုပ္ေပးဖို႔အခြင့္ရွိရဲ႕_
ငါဟာ မင္းအတြက္ သူစိမ္းသက္သက္သာျဖစ္သည္မို႔ ။ ။

#Mist(ျမဴ)

သက်ဆိုင်သူမရှိသော ချစ်သဝဏ်လွှာများWhere stories live. Discover now