🐺Episode 1🐺ᵘⁿⁱ+ᶻᵃʷᵍⁱ

3.1K 133 3
                                    

ᑌᑎIᑕOᗪᗴ ᐯᗴᖇ🍂

ထိုလူငယ်ကကင်မ်နမ်ဂျွန်းဆိုသူအား လက်ညှိုးထိုးလိုက်ကာ...

"ခင်ဗျား မနက်ဖန်မှ ထပ်ပီးလက်ထပ်ပွဲအတွက် လာပြီးဆွေးနွေးသင့်တယ်၊အခုအချိန်အချစ်ငှက်တွေ တစ်တစ်တူးနေကြတာမို့ အလိုက်တသိရှောင်ပေးမှဖြစ်မယ် ဟ ဟ"
🐺ᴡᴇ ᴀʀᴇ ʙᴏᴛʜ ᴅᴏᴍɪɴᴀɴᴛ ᴀʟᴘʜᴀ 🐺

Ep-1......
ခမ်းနားကြီးကျယ်သည့် နန်းဆောင်သဖွယ် သုံးထပ်တိုက်ကျယ်ကြီးအတွင်း၏ မနက်ခင်းတွင်ဖြစ်သည်။အနက်‌ရောင်ဝတ်စုံများဖြင့်သက်တော်စောင့်များကလည်း ခြံအတွင်း လမ်းတစ်လျှောက်ကျောက်ရုပ်များသဖွယ် ငြိမ်လျက်အမိန့်နာခံနေလေသည်။အလုပ်သမားများကလည်း သူ့တာဝန်နှင့်သူ အသီးသီးသော လုပ်ဆောင်ဖွယ်ရာတာဝန်များကို လုပ်ကိုင်နေလျက်ရှိကြပေသည်။

ထိုစံအိမ်ကြီး၏အမည်မှာ "ကင်မ်နန်းရတုမဟာ" စံအိမ်ကြီးပင်။ထိုစံအိမ်တွင် ဆောင့်လျှောက်သူအကြီးအကဲနှစ်ဦးနှင့် ၎င်းတို့၏သားများ နေထိုင်ကြပေသည်။အကြီးအကဲ ဖခင်နှစ်ဦးမှာ Dominant Alpha နှင့် Dominant Omega များဖြစ်သည့်အလျှောက် မွေးဖွားထားသည့်ရင်သွေးများကလည်း Dominant အမျိုးအစား မျိုးရိုးမြင့်များပင်။သို့သော် ထူးခြားသည်ထက် ထူးခြားသည့်မျိုးရိုးများလည်းဖြစ်ပေသည်။

"ကင်မ်နမ်ဂျွန်း..."

ထိုခေါ်သံနှင့်အတူ လှေကားထစ်အဖြူပေါ်မှာ အပြာရောင်ခပ်ရင့်ရင့် အခင်းပေါ်မှ ဆင်းလာသောလူငယ်၏အသံကြောင့် ဧည့်ခန်းအတွင်းထိုင်နေသူအားလုံးက ထိုလူငယ်အား မော့ကြည့်ကာ ထိုလူငယ် အမည်ခေါ်လိုက်သောသူက သေချာစွာထိုလူငယ်၏နောက်ဆက်တွဲစကားများကိုစောင့်မျှော်နေသည်။တဆက်တည်းထိုလူငယ်က လှေကားအောက်ဆုံးအထစ်ရောက်သည်နှင့် ထိုလူများထိုင်နေရာမှ သူ၏ထိုင်‌နေကျနေရာအားဝင်မထိုင်ဘဲ မတ်တပ်ရပ်ကာ လေပူတချက်မှုတ်ထုတ်လိုက်သည်။

"ဟူး....
ကင်မ်နမ်ဂျွန်း..ခင်ဗျားကိုကျုပ်ပြောပြီးပြီနော်၊အေး...တညတာအမှားကြောင့် ကိုယ်ဝန်ရှိလို့ ယောကျာ်းတယောက်အနေနဲ့တာဝန်ယူပီး ခင်ဗျားဘက်ကလက်ထပ်ချင်တာဆိုရင် ခင်ဗျားတို့အခုပဲကျုပ်တို့အိမ်တော်ကပြန်သွားပါ၊ခင်ဗျားလက်ထပ်မှ ကျုပ်ရဲ့ဒုတိယအကိုတော်က Mate ရမှာမဟုတ်ဘူး OK!"

Wᴇ Aʀᴇ Bᴏᴛʜ Dᴏᴍɪɴᴀɴᴛ Aʟᴘʜᴀ [KOOᗰOՏ]Where stories live. Discover now