🐺Episode 4🐺ᵘⁿⁱ+ᶻᵃʷᵍⁱ

1.1K 90 7
                                    

ᑌᑎIᑕOᗪᗴ ᐯᗴᖇ🍂
"အင်း...ဟင်း...ဟီး...ကင်မ်က အတော်ဆုံးပါ၊ဒါဆို ကင်မ်နဲ့သူငယ်ချင်း.."

"ငါတော်တာငါသိတယ်လေ အော်...သူငယ်ချင်းဖြစ်ဖို့က‌တော့စောင့်ကြည့်ဦးမယ်"

ကွန်ဖီးဒန့် လယ်ဗယ်ဆိုးဆိုးဟိုက်ခ် ပါကင်မ်ထယ်ယောင်းကြီးရယ်။

🐺ᴡᴇ ᴀʀᴇ ʙᴏᴛʜ ᴅᴏᴍɪɴᴀɴᴛ ᴀʟᴘʜᴀ 🐺

Ep-4.....
"ဂျွန်ခမ်းတင့်တယ်"တော်ဝင်အိမ်တော်ကြီးအတွင်း၏မနက်ပိုင်းတွင် ထမင်းစားခန်းထဲ၌ အထိန်းတော်များနှင့် စားဖိုမှူးများကရုတ်ရုတ်သဲသဲ ခြေမကိုင်မိလက်မကိုင်မိဖြစ်နေကြသည်။အကြောင်းအရင်းကတော့ သူတို့၏ဂျွန်သခင်လေးကိုယ်တိုင် ဖျော်ရည်ဖန်တီးနေခြင်းကြောင့်ပင်။

"ဂျွန်သခင်လေးရှင့်...ကျမတို့လုပ်ပေးပါရစေ"

"နေ...နေ...ကျနော့်ဖာသာလုပ်တတ်တယ်"

အနက်ရောင် suit အပြည့်ကိုဝတ်ဆင်ကာ တံတောင်ဆစ်လောက်အထိ လက်ကိုခေါက်တင်ထားသည်မို့ သွေးကြောများကအထင်းသားပင်။အရွယ်ရောက်ပြီးသား Dominant Alpha တယောက်ဆိုသည်မှာအပြောဘဲတောင် အတပ်သိနိုင်ပေလိမ့်မည်။

စတော်ဘယ်ရီသီး အလုံး20တိတိ ကိုရေစေးကာ ကျိတ်စက်ထဲထည့်၍ သကြား၊နို့ဆီ၊ဆားအနည်းငယ်ထည့်ကာ ရောကျိတ်နေလေသည်။ထို့နောက် ပန်းရောင် ဖန်ဗူးလေးထဲသို့ ထည့်ပြီးနောက် နာတာဒီကိုကိုးဖတ်လေးတွေကိုတောင် ကျနစွာထည့်လိုက်သေးသည်။

"အွန်း...အတော်ပဲ"

ဂျွန်သခင်လေးကသေချာမြည်းကြည့်ပြီး စိတ်တိုင်းကျခါမှ လေးထောင့်ပုံစံ ရေခဲတုန်းလေးများအား ထည့်သည်။ပြီးနောက် အဖုံးပိတ်စက်နှင့် တံဆိပ်ခတ်နှိပ်စက်ထဲထည့်ကာ ခဏအနားပေးလိုက်သည်။

"လုပ်စရာရှိတာလုပ်ကြလေ...ကျနော့်ကိုဂရုစိုက်မနေကြနဲ့ သွားကြတော့"

ဂျွန်သခင်လေးမှ အမိန့်ပေးလိုက်သောအခါ အားလုံးကခေါင်းငုံ့ကာခါးကိုကိုင်းထားလျက် တယောက်ချင်း ရှေ့ဆင့်နောက်ဆင့် ထွက်ခွာသွားလေတော့သည်။သက်တော်စောင့်များကတော့ ထမင်းစားခန်းထဲတွင် အတောင့်လိုက်သားပင်။

Wᴇ Aʀᴇ Bᴏᴛʜ Dᴏᴍɪɴᴀɴᴛ Aʟᴘʜᴀ [KOOᗰOՏ]Where stories live. Discover now