🐺Episode 13🐺ᵘⁿⁱ+ᶻᵃʷᵍⁱ

638 51 0
                                    

ကင်မ်ကဘာလဲ သူ့ကိုစားပီးနားမလည်လုပ်တာလားပြီးတော့ ရုပ်တည်ကြီးနှင့်။ညကသူပဲအဖြေပေးခဲ့တာလားချစ်တယ်ဆိုပီးလေအခု အခုကျဘာလဲလူကို လာပလေးချင်နေတာလား

"ဒီမှာ ကင်မ်ထယ်ယောင်းရှီး"

လှည့်ကြည့်ပေ

"ခေါ်နေတယ်လေ ကင်မ်ထယ်ယောင်းရှီပြန်ထူးတာ လူကိုအဖက်လုပ်တာလားပြော ပြော"

လက်ကိုအတင်းဆွဲကာပြောနေသော အုပ်ချုပ်သူဂျွန်ဂျောင်ဂုဘာလဲဟ။

"ဘာလဲ ငါ့နာမည် V  "

ᴡᴇ ᴀʀᴇ ʙᴏᴛʜ ᴅᴏᴍɪɴᴀɴᴛ ᴀʟᴘʜᴀ 🐺𝐔𝐧𝐢𝐜𝐨𝐝𝐞 𝐕𝐞𝐫

မင်ဒူလည်း ဒုခေါင်းဆောင်ပြောထားသောအိမ်ရှေ့ကိုရောက်တော့ စောင့်တောင်မစောင့်လိုက်ရ ခြံတခါးကိုမှီကာ အနက်ရောင်ဝတ်စုံအပြည့် All Black ဖြင့် ရှေ့မှကျောက်စရစ်ခဲအားကန်ကာဖြင့် ရပ်စောင့်နေသောသူကြောင့် အလိုလို အေးစက်သောအငွေ့အသက်ကိုခံစားနေရသည်။

ကျောက်စိမ်းရောင်ဆံပင်ရှည်တွေကို တဝက်မှစုစည်းကာ ဂုတ်ပေါ်ဖြာကျစေသူ....

အနက်ရောင်ဖုန်းအားလက်သွယ်သွယ်များဖြင့် လှည့်ကာကစားနေသူ....

စကားအပိုတခွန်းတောင်မပြောဘဲ လက်မနှင့်လက်ညှိုးကိုသုံးကာ နားထင်ကိုတခါတခါဖိတတ်သည့်သူ....

ကားမှန်ချပြီးစီးရသည်ကိုမကြိုက်သည့်သူ....

ထိုအချင်းအရာတွေနှင့်ပြည့်စုံသောသူကြောင့် ဆိုလ်းမြို့ရဲ့လေထုကြီးကအေးစက်စက်။

"Hobi အဆင်သင့်ဖြစ်ပြီလား"

အေးစက်စက်အသံကတိကျပြတ်သားစွာ...

"ဟုတ်ကဲ့ ဒုခေါင်းဆောင်"

သူလိုချင်သောအဖြေကိုတိကျစွာသိရသည့်အတွက် ခေါင်းတချက်ညိတ်ကာ မျက်လုံးတွေမှိတ်ထားလေသူ။တကယ်ပဲ ဒုခေါင်းဆောင်က နားလည်ရခက်သည့်လူစားမျိုးပင်။သူ၏စိတ်ဟာ မိုးမခပင်တွေလို ခုကောင်းရင်ကောင်း မကောင်းရင်မကောင်းသူမျိုး။

Wᴇ Aʀᴇ Bᴏᴛʜ Dᴏᴍɪɴᴀɴᴛ Aʟᴘʜᴀ [KOOᗰOՏ]Where stories live. Discover now