🐺Episode 6🐺ᵘⁿⁱ+ᶻᵃʷᵍⁱ

938 75 3
                                    

ᑌᑎIᑕOᗪᗴ ᐯᗴᖇ🍂
"ဒီတခေါက် ကိုရီးယားကိုသွားရမယ် V"

"ငါမပါလို့မရတာလား၊တခြားနေရာကို..."

"မရဘူး V မင်းကငါ့ထက်ပိုတော်တာမင်းသိတယ် ဟုတ်"

"ငါမရှိတုန်းကမင်းပဲ လုပ်နေတာမဟုတ်ဘူးလား"
🐺ᴡᴇ ᴀʀᴇ ʙᴏᴛʜ ᴅᴏᴍɪɴᴀɴᴛ ᴀʟᴘʜᴀ 🐺

Ep-6.....
အပြာနုရောင်အခန်းလေးထဲသို့ နေ့အလင်းရောင်ကောင်းစွာမထိုးဖောက်နိုင်ပေ။မှိုန်ပြပြမီးရောင်လေးတွေကြားမှာ တယောက်သောသူကတော့ အေးဆေးစွာအိပ်စက်နေသည်။အချိန်အားဖြင့် နေ့လည် 3 နာရီပင်ရှိလေပြီ။

"V....ထတော့ဟေ့ကောင်၊နာရီတချက်ကြည့်ဦး၊မင်းမနေ့ညကတည်းကမှောက်နေတာ အခုနေ့လည် 3 နာရီရှိပီကွ"

"ကျစ်...နားငြီးတယ်ကွာ၊အိပ်ရေးမဝရတဲ့အထဲ ပွားပြန်ပြီ"

"ဟ...ပြောရမှာပေါ့၊ခုချိန်မှာ မင်းကိုအုပ်ထိန်းသူကငါပဲနော် V"

"ဟ...မင်းအမြဲအာ့စကားပဲပြောနေတော့မှာလား၊ငါမင်းအတွက်အလုပ်,လုပ်ပေးနေတာလဲ ထည့်ပြော Ok"

တဖက်သို့လှည့်ကာ ပြန်မှေးသွားသူကြောင့် အသင့်ပါလာသော ရေခဲရေဗူးထဲမှ ရေအနည်းငယ်ကို ခါတိုင်းလို V မျက်နှာပေါ်တစက်ချလိုက်သည်။ထိုသို့ပြုမူတော့ V ကရယ်ကာ မျက်လုံးကိုမပွင့်တပွင့်နှင့်။တကယ်ပဲ V ဆိုတဲ့ကောင်စုတ်လေး ရောက်လာသည့် 5နှစ်အတွင်း အမြဲအာ့လိုပင်။

ရောက်လာကတည်းက သူကသူဌေးလား ကိုယ်ကသူဌေးလားမသဲကွဲ။ဟားဗတ်မှာ တက်မယ်ဆိုပြီး တချက်တည်းပြောခဲ့တာ။အော်...ကိုယ်ကလည်း ကို့အသက်သခင်ဆိုတော့ "ဒါပေါ့ထားပေးရမှာပေါ့"ဟုတ်တယ်မလား။ဘွဲ့ရပြီး အထောက်အကူရတယ်ပြောရမလား ဘွဲ့လက်မှတ်ကိုသိမ်းပြီး ကိုယ့်လုပ်ငန်းထဲပစ်ဝင်ခဲ့တာ။တပါတ်မှာ 3 ရက်လောက်က ဒီလိုမူးပြီးမှောက်တဲ့နေရက်တွေကများတယ်။ကိုယ့်မှာ ဒီကောင်စုတ်လေးကြောင့် ကြင်ယာတော်တောင်ရှာချိန်မရခဲ့ဘူးလေ။သူ့ပဲ ကလေးတယောက်လိုလိုက်ထိန်းနေရတာ။

"ထတော့ ဒီတခေါက်အလဲအလှယ်က အရေးကြီးတယ် V"

ထိုသို့ပြောတော့ ခုနကအိပ်ချင်တယ်ဆိုသည့်မျက်လုံးများဖြင့်မဟုတ်တော့ဘဲ ဂရုတစိုက်နားထောင်ဟန် ပြောလာမည့်စကားကိုစောင့်စိုင်းနေ‌သည်။တကယ်ပဲ V ကအလုပ်နဲ့ပါတ်သတ်ရင် လုံးဝ Active Boy တစ်ယောက်။

Wᴇ Aʀᴇ Bᴏᴛʜ Dᴏᴍɪɴᴀɴᴛ Aʟᴘʜᴀ [KOOᗰOՏ]Where stories live. Discover now