🐺Episode 18🐺ᵘⁿⁱ+ᶻᵃʷᵍⁱ

820 49 4
                                    

"အင်း အင်း ဟို ညကဘာမှ ဘာမှ"

"အို ဝန်ကြီးချုပ်ရယ် ဘာဖြစ်ရမှာလဲ။ဘာမှမဖြစ်ဘူး ဒီတိုင်းခင်ဗျားအရမ်းမူးပြီးအိပ်ပျော်သွားတာ"

"အင်းပါ ငါလည်းမမှတ်မိတော့လို့လေ အာ့တာကြောင့်မေးတာပါ"

"အင်း ဒါပြီးရင်ပြန်မှာမလား။အိမ်ကစိတ်ပူနေဦးမယ် ငါလည်းသွားစရာရှိလို့ဝန်ကြီးချုပ်"

ᴡᴇ ᴀʀᴇ ʙᴏᴛʜ ᴅᴏᴍɪɴᴀɴᴛ ᴀʟᴘʜᴀ 🐺𝐔𝐧𝐢𝐜𝐨𝐝𝐞 𝐕𝐞𝐫

Ting Taung !

"လာပြီ လာပြီ ဝန်ကြီးချုပ်"

ပတ်ခ်ဒယ်ဟာ တချက်ပြုံးကာ ခြံတံခါးကိုသွက်သွက်လေး ပြေး၍ခလုတ်နှိပ်လိုက်သည်။ခြံစောင့်ကိုဖွင့်ခိုင်းလို့ရသော်ငြားဒီနေ့သူ့လူတွေကိုအနားပေးထားခြင်း။တနည်းအားဖြင့် ဝန်ကြီးချုပ်နဲ့သူပဲရှိမယ့် ခြံတော်ကြီးပင်။

"အယ် ဝန်ကြီးချုပ်ပိန်သွားတာပဲ"

အရင်လကထက် ပိုမိုပိန်သွားသော ဝန်ကြီးချုပ်။အလုပ်တွေပင်ပမ်းနေသည်ထင်။

"အင်း ဟုတ်တယ်
ခုတလောအလုပ်ပင်ပမ်းနေတာရယ်။Omega အလှလေးရဲ့မွေးနေ့မို့ ငါအရောက်လာခဲ့ပေးတာ။တကယ်ဆို ငါအလုပ်တွေပင်ပမ်းနေတာ"

"ဟာ အားနာလိုက်တာဗျာ ငါ့ကြောင့်ဝန်ကြီးချုပ်ပင်ပမ်းစေမိပြီ"

"ရပါတယ်။
မွေးနေ့ပဲ ငါကသေချာပေါက်လာခဲ့ပေးရမှာပေါ့။မင်းမှာငါဆိုတဲ့ မိတ်ဆွေကောင်းတယောက်ပဲရှိနေတာပဲ"

"ကျေးဇူးပဲ ဝန်ကြီးချုပ်"

ကျေးဇူးတင်စကားပြောကာ အိမ်ထဲသို့အရှေ့မှဖြေးဖြေးခြင်းဝင်လေသည်။

"ငါပြောစရာတွေလဲရှိတယ်။ငါဒီအလုပ်တွေမလုပ်တော့ဘူးဝန်ကြီးချုပ်"

"ဘာ တကယ် တကယ်ပဲလား"

ထယ်ယောင်းအံ့ဩရပါသည်။လွန်ခဲ့သည့်ရက်တွေတုန်းက ထယ်ယောင်းပြောသည်ကို လုံးဝလက်မခံခဲ့သူ။ခုတော့ဒီအလုပ်ကိုစွန့်ခွာတော့မည်တဲ့။

"ဟုတ်တယ် ဝန်ကြီးချုပ်ပြောသလိုပဲလေ ငါနဲ့ဒီအဘုပ်နဲ့မအပ်စပ်ပါဘူး။ပြီးတော့ ပြီးတော့ ငါ့သားသမီးတွေမွေးလာတဲ့အခါ ငါ့သားသမီးတွေကို အမှောင်တွင်းထဲ ဆွဲမချချင်ဘူး ဝန်ကြီးချုပ်"

Wᴇ Aʀᴇ Bᴏᴛʜ Dᴏᴍɪɴᴀɴᴛ Aʟᴘʜᴀ [KOOᗰOՏ]Where stories live. Discover now