🐺Episode 9🐺ᵘⁿⁱ+ᶻᵃʷᵍⁱ

1.2K 98 12
                                    

ᑌᑎIᑕOᗪᗴ ᐯᗴᖇ🍂
"ဂျောင်....ဂျောင်ဂု"

"ကင်မ် ဂျွန့်ကိုရိုက်နိုင်ပါတယ် ခွင့်မတောင်းဘဲနမ်းမိတဲ့အတွက် ပြီးတော့ စိတ်ရင်းနဲ့တကယ်တောင်း...အွတ်....အင်း"

🐺ᴡᴇ ᴀʀᴇ ʙᴏᴛʜ ᴅᴏᴍɪɴᴀɴᴛ ᴀʟᴘʜᴀ🐺

Ep-9....
အေးစက်စက်အနက်ရောင်အခန်းကြီးအတွင်း ခပ်ဖွဖွခြေသံတစုံကကြီးစိုးလျက်ရှိသည်။တခန်းလုံး ကင်မ် ဆိုသည့်နာမ်စားနှင့် ပန်းချီများ၊ဓာတ်ပုံများ၊စာများ။နံရံအပြည့် မျက်နှာကျက်အပြည့်ပင်။ဘယ်နေရာကြည့်ကြည့် စောင်၊ခေါင်းအုံးကအစ ကင်မ်ထယ်ယောင်း၏ပုံတူလေးတွေ။ဂျွန်ဂျောင်ဂုဆိုတဲ့ကောင်လေးက အရမ်း ချစ်တတ်တာပဲလား။ဒါကအစွဲအလန်းကြီးတယ်လို့ခေါ်မလားပဲ။ဒါပေမယ့်ကျနော်တောင် အမြဲသတိရနေတတ်တာမဟုတ်လား။။

"ဂျောင်ဂု..."

ထိုအခါ ပြာပြာသလဲထူးလာသောအသံရှင်လေး။

"ဟင် ဟင် ကင်မ် ပြောလေ ဂျွန်ရှိတယ်"

"ဘာလို့အနက်ရောင်ချည်းလဲ?
ပြီးတော့ ကျနော့ပုံတွေက..."

"ဟ ဟ...
ကင်မ်ကလေ တကယ်ပဲယောကျာ်းပီသလှပါပေတယ်နော် ကျနော်!ကျနော်နဲ့ တကယ်ပဲ ဂျွန့်နှလုံးသားကိုရိုက်ခတ်စေတယ်"

"အိုး ဟိုး...
ငှက်ပျောသီးနွားနို့က အခုကျနော့ကို ..."

"အင်း!
ဟုတ်တယ်...
ဂျွန်က ကင်မ့်ကိုချစ်နေတာ"

"ဟား...
Romantic မဆန်လိုက်တာ ဒါလားရည်းစားစကား"

"အမ်...ကင်မ်ကလည်း နှစ်တွေတောင်ကြာရော့ပြီ ဒီတခါမပြောရရင် ဂျွန်သေမှာကင်မ်ရဲ့"

မျက်လွှာချကာ ခေါင်းငုံ့သွားသူ။
ဂျွန်ဂျောင်ဂု ကအခုလိုကြည့်ပြန်တော့လဲ တကယ့်တခြားတယောက်လိုခံစားချက်မဲ့စွာပင်။အရင်ကထက်ဝမ်းနည်းလွယ်နေသယောင် ဂျွန်ဂျောင်ဂုမျက်နှာပေါ်မှာတွေ့နေရသည်။ယခုအချိန်မှာ ဂျွန်ဂျောင်ဂုဟာ အထက်တန်းကျောင်းသားတယောက်လို ဝဝကစ်ကစ်ပုတုတုလေးမဟုတ်တော့ 6ပေ1လက်မအရပ်ကြီးနှင့် Abs တွေကလည်း Suit နှင့်ကွက်တိပင်။ကျနော်က6ပေ2ဆိုပေမယ့်ပိန်သည်။ကိုယ်ခံအားအတွင်းအားကောင်းပေမယ့် သူ့လောက်တော့မထွားကျိုင်းပေ။ထို့ကြောင့်နှစ်ယောက်ယှဉ်သွားလျှင် ဂျွန်ဂျောင်ဂုနှင့်မတိန်းမယိမ်းလောက်သွားကျပေသည်။

Wᴇ Aʀᴇ Bᴏᴛʜ Dᴏᴍɪɴᴀɴᴛ Aʟᴘʜᴀ [KOOᗰOՏ]Where stories live. Discover now