🐺Episode 7🐺ᵘⁿⁱ+ᶻᵃʷᵍⁱ

930 78 4
                                    

ᑌᑎIᑕOᗪᗴ ᐯᗴᖇ🍂
"ငါဖျော်လိုက်တာ သားဂျေပေါက်"

"သားကို ဂျောင်ဂုလို့ပဲခေါ်ပေးပါ ဖေဖေ၊ကသားကိုကလေးတယောက်လိုပြုမူမနေပါနဲ့တော့၊ပြီးတော့...ဘာသဘောလဲ ဖေဖေ"

🐺ᴡᴇ ᴀʀᴇ ʙᴏᴛʜ ᴅᴏᴍɪɴᴀɴᴛ ᴀʟᴘʜᴀ 🐺

Ep-7....
ယခုအချိန်တွင် "ဂျွန်ခမ်းတင့်တယ်မဟာ"တော်ဝင်အိမ်တော်ကြီးအတွင်း၌အပ်ကြပင်မကြားရလောက်အောင်တိတ်ဆိတ်နေသည်။လွန်ခဲ့သည့် 5နှစ်အတွင်း အိမ်တော်ကြီး၏ဆက်ခံသူသခင်နေရာကို ဂျွန်သခင်ငယ်ဂျွန်ဂျောင်ဂုမှ လက်လွှဲယူခဲ့သည်။အတိုချုံးပြောရလျှင် ယခုအချိန်မှာ ဂျွန်သခင်ဂျွန်ဂျောင်ဂု၏အသက်သည်21နှစ်ပင်။(ထယ်က 20ပါနော်၊ဂျွန်အောက်တနှစ်ငယ်ပါတယ် အစကတည်းကထည့်ရေးပီးသားပါနော်‌၊နောက်တခေါက် ထယ့်အသက်ကယခုချိန် 20လို့ရေးရင်အတန်းတူပြီးအသက်မှားနေတာလားလို့ထင်မှာဆိုးလို့ပါဗျ)။

ခွမ်း!

နံရံသို့ သောက်လက်စ စတော်ဘယ်ရီဖန်ခွက်အားပစ်ပေါက်ကာ ဆိုဖာမှထရပ်လိုက်သော ကျွန်ုပ်တို့၏သခင်ဂျွန်ဂျောင်ဂု။ခုအချိန်က ဂျွန်သခင်၏ အလုပ်ချိန်မို့ ဧည့်ခန်းထဲတွင် ကွန်ပျူတာကိုအာရုံစိုက်နေရင်း ချပေးသောအအေးခွက်ကို သေချာမကြည့်ဘဲ သောက်ပြီးဤသို့ပြုမူလိုက်ခြင်း။အိမ်တော်ထိန်းများက ဂျွန်သခင်၏ထိုအပြုအမူကြောင့် အားလုံးကြမ်းပြင်ပေါ်ဒူးထောက်လိုက်ကြသည်။

"စတော်ဘယ်ရီသီးတွေကို ငါကလွဲပြီးယူမကိုင်နဲ့လို့ပြောထားတာ မင်းတို့ $နားတွေကန်းနေတာလား ဟမ်၊ငါ့စတော်ဘယ်ရီတွေက ပိုင်ရှင်မဟုတ်ဘဲ ငါကိုယ်တိုက်သောက်ဖို့တောင်မတန်လို့ငါမထိတို့ခဲ့တာ အခုတော့ကောင်းသေးလား ဟမ်....ငါအမြတ်တနိုးထိန်းသိမ်းလာတဲ့ 5နှစ်အတွင်းမင်းတို့က ငါ့မြတ်နိုးမှုကိုဖျက်စီးလိုက်တာပဲ
တောက်စ်..."

"မ...မဟုတ်ရပါဘူး သခင်ဂျွန်ရယ်၊ကျွန်ုပ်က...ကျွန်ုပ်တို့လုပ်တာ...မဟုတ်...ဟုတ်..."

အိမ်တော်ထိန်းခေါင်းဆောင်မှ ဒါမျိုးကျမှ $စကားကလာထစ်နေသေး။ဂျွန်သခင်၏ဒေါသတွေက အတိုင်းအစမရှိထွက်နေလေသည်။ထိုအချိန် 'ဂျွန်ခမ်းတင့်တယ်မဟာ"အိမ်တော်ထဲသိုအနောက်ပေါက်စတော်ဘယ်ရီခင်းထဲမှဖြတ်လျှောက်လာသော မိဘနှစ်ပါး။

Wᴇ Aʀᴇ Bᴏᴛʜ Dᴏᴍɪɴᴀɴᴛ Aʟᴘʜᴀ [KOOᗰOՏ]Where stories live. Discover now