🐺Episode 8🐺ᵘⁿⁱ+ᶻᵃʷᵍⁱ

987 95 1
                                    

ᑌᑎIᑕOᗪᗴ ᐯᗴᖇ🍂

"တွေ့ရတာဝမ်းသာပါတယ် ငါက Jung Hobi"

"ထပ်တူပါ ငါက ဂျွန်ဂျောင်ဂု"

🐺ᴡᴇ ᴀʀᴇ ʙᴏᴛʜ ᴅᴏᴍɪɴᴀɴᴛ ᴀʟᴘʜᴀ 🐺

"ဟေး...ထတော့ V ဆင်းရတော့မယ် တလမ်းလုံးအိပ်ပဲနေတာပဲနော်၊မပြောချင်ဘူး"

"အွန်း...ရောက်ပြီလား"

"ရောက်လို့ပြင် ခေါင်းမိုးထပ်တောင် ငါတို့လေယာဉ်ကရောက်နေပါပြီခင်ဗျ၊ရပြီလား ဒီလောက်ဆို"

"နားညီးတာကွာ စလာကတည်းက Hobi တို့ကပွားပြီ ကျစ်..."

"ကြွ ကြွ ရှေ့က"

All black ...ဦီးထုတ် ၊မျက်မှန်၊‌ ဖိနပ်၊ အိတ်ကအစအမဲရောင်နှင့် ဂုတ်ထောက်နေသော အစိမ်းပုတ်ရောင် ဆံပင်ရှည်တွေကိုစုစည်းကာအရှေ့မှ ဆင်းသွားလေသူ။လမ်း‌ လျှောက်ဟန်ကအစ ခြေလှမ်းကျဲကြီးတွေနှင့် ခါးမတ်ကာ ဘေးပတ်ဝန်းကျင်ကို ဂရုမစိုက်သလိုသာ ထိုအပေါ်ဆုံးအထပ်မှ ဓာတ်လှေကားအပြာနုရောင်တံခါးဆီသို့သွားနေလေသည်။သူ၏နောက်တွင်တော့ Luggage အနက်ရောင်ကိုဆွဲကာ ခပ်မတ်မတ်လိုက်နေသော သက်တော်စောင့်2ယောက်။သူကတော့ Jung&V Mafia ဂိုဏ်းမှဒုသခင်  Vပင်။

ထိုသူ့နောက်မှာတော့ လေယာဉ်ခေါင်းခန်း Jet မောင်းသူနေရာမှဆင်းလာသော All White နှင့်လူငယ်တစ်ယောက်။သူကတော့ Jung & V Mafia ဂိုဏ်းမှ ဂိုဏ်းချုပ် Jung Hobi ပင်။သူနောက်မှာတော့ တခြားလေယာဉ်အသီးသီးပေါ်မှ ဆင်းလာကြသော သက်တော်စောင့်များ၊ဂိုဏ်းသားများက အယောက်20လောက်ရှိသည်။ထိုသူကတော့ ခပ်သွက်သွက်ပင် All Black ဝတ်သူနောက်သို့ ခပ်လှမ်းလှမ်းမှလိုက်လေသည်။

"မင်းတို့တခါတည်းလိုက်ခဲ့"

အယောက် 50စန့်သည့် ဓာတ်လှေကားကြီးအတွင်း တိတ်ဆိတ်စွာပိုးဟပ်သွားသံတောင်မကြားရပေ။ Seoul မြို့စွန်နားရှိ15ထပ်တိုက်ကြီးသည် Jung မိသားစုပိုင်ခရီးသွားလုပ်ငန်းဆိုင်ရာ ဟော်တယ်ကြီးပင်။သို့သော် ထိုကုမ္ပဏီကြီးသည် ကိုရီးယားအခြေစိုက်မဟုတ်ပေ။ American အခြေစိုက်ပင်ဖြစ်သည်။ထို့ကြောင့် Jung မျိုးရိုးများသည် ကြီးကြီးတက်ချမ်းသာသော်လည်း ထင်ပေါ်ခြင်းမရှိခဲ့ခြင်းအကြောင်းပင်။

Wᴇ Aʀᴇ Bᴏᴛʜ Dᴏᴍɪɴᴀɴᴛ Aʟᴘʜᴀ [KOOᗰOՏ]Where stories live. Discover now