🐺Episode 20🐺ᵘⁿⁱ+ᶻᵃʷᵍⁱ

534 32 1
                                    

𝐔𝐧𝐢𝐜𝐨𝐝𝐞 𝐕𝐞𝐫
🐺ᴡᴇ ᴀʀᴇ ʙᴏᴛʜ ᴅᴏᴍɪɴᴀɴᴛ ᴀʟᴘʜᴀ 🐺

အဖြူရောင်အသုံးအဆောင်အပြည့်ဖြင့်အလုပ်ခန်းကြီးထဲဝယ် ယောကျာ်းပျိုတစ်ယောက် မျက်မှန်လေးထောင့်လေးအားပင့်တင်ကာ ကွန်ပျူ‌တာပေါ်သို့လက်ချာင်းလေးများပြေးလွှားနေ၏။မီးအရောင်များကလည်း လင်းထိန်လို့နေပေ၏။ထိုစဉ်ထိုအခန်းထဲသို့ပြင်ပအလင်းရောင်ဝင်လာစေသော အဓိကတံခါးချက်လေးပွင့်ဟ လာခဲ့၏။ထို့နောက် ထိုသူက ဧည့်ခန်းထဲသို့မျက်ခုံးတန်းများစုကျုံ့သွားသည်အထိကွေးညွှတ်သွား၏။ထိုသည်ကိုမြင်တော့ ဖခင်လုပ်သူကပြုံးကာဖြင့်...

"အော် သားဘာစားချင်လို့လဲ"

"အယ် ဘန်ယူက တကယ့်အလုပ်သူရဲလေးပဲ...ဆိုဖီတို့စကားပြောကြမယ်မလား၊လာလေ"

ထိုသူမ၏စကားကြောင့် ကင်မ်ဘန်ယူမျက်လုံးရဲရဲတွေနှင့်သာကြည့်၍...

"ဒါကျုပ်အိမ်ပါ ကျုပ်‌လာချင်ရင်လာမယ်၊ကျုပ်မလာချင်ရင်မလာဘူး။ခင်ဗျားသာ သူများအိမ်လာပြီး ကျုပ်ကိုအမိန့်ပေးမနေနဲ့"

ကင်မ်ဘန်ယူ့စကားကြောင့် ပတ်ခ်ဒယ်ဟာက မျက်နှာအနည်းငယ်ပူသွား၏။

"သားကနည်းနည်းအပြောမတတ်ပေမယ့် စိတ်ရင်းကောင်းပါတယ်"

ကင်မ်ဘန်ယူက မျက်လုံးရဲရဲဖြင့်သာကြည့်နေဆဲပင်။

"သူများအိမ်လာပြီး ဟိုကပ်ဖား ဒီကပ်ဖားလုပ်မနေနဲ့ ဧည့်ခံဖို့အချိန်ရှိမနေဘူး မြန်မြန်ကြွ၊ပြီးတော့ အရှက်မရှိမိန်းမဖြစ်ပြီး "

ကင်မ်ဘန်ယူကဆက်လက်ပြီး စကားတို့ကို အကန်သာပြောနေဆဲ။ဒီမိန်းမက အလကား မိန်းမနောက်ပိုးပဲ။

"သား.."

ဒယ်ဟာက အသံကျယ်စွာအော်လိုက်တော့ ကင်မ်ဘန်ယူက အလုပ်အခန်းထဲသာပြန်ဝင်သွားလေတော့၏။ပတ်ခ်ဒယ်ဟာမှာ သူမကိုအားနာ၍မဆုံးနိုင်။ဒီကလေးမလေး သားဖြစ်သူအားသဘောကျနေတာ သူအသိပဲလေ။ဒါကို သားကပစ်ပစ်ခါခါကို မုန်းပြီးအကန်တွေပဲပြောနေတာ။

ခွမ်း!

ကင်မ်ဘန်ယူအခန်းထဲရှိ ကျု့လစ်ပန်းဖြူတွေထည့်ထားသောပန်းအိုးအား ရိုက်ခွဲကာအဝတ်တို့ကိုလဲလိုက်၏။အိမ်မှာနေလို့တကယ်အဆင်မပြေတော့တာ။

Wᴇ Aʀᴇ Bᴏᴛʜ Dᴏᴍɪɴᴀɴᴛ Aʟᴘʜᴀ [KOOᗰOՏ]Where stories live. Discover now