🐺Episode 10 🐺ᵘⁿⁱ+ᶻᵃʷᵍⁱ

816 59 0
                                    

ᑌᑎIᑕOᗪᗴ ᐯᗴᖇ🍂

"အသက်ကငယ်သေးတယ်လေ ကျနော်စာတော်ချင်ခဲ့တာပဲသိခဲ့တာလက်ထပ်မှာလဲအဆင်သင့်ဖြစ်သေးတာမို့"

"ခုက over 20 ဆိုတော့ လက်ထပ်ဖို့ ဟီး"

"ငိုး...အရေးထဲဈေးဗန်းလာခင်းနေတာပဲဆွေးနေတာတောင်ဘယ်ရောက်သွားလဲသိဘူးကွာ ကျစ်"

🐺ᴡᴇ ᴀʀᴇ ʙᴏᴛʜ ᴅᴏᴍɪɴᴀɴᴛ ᴀʟᴘʜᴀ 🐺

"ဒီည အလုပ်ကိုပြီးမြောက်တဲ့အနေနဲ့ ဂုဏ်ပြုပွဲပေးမယ်၊အာ့တော့ ဒီညကြိုက်သလောက်ကဲ အိုခေ"

ဒါကတော့ အလုပ်တခါအောင်မြင်တိုင်း နောက်အလုပ်အတွက်အားပြည့်စေရန်အားမွေးဂုဏ်ပြုပျော်ပါးမှုပင်။စကားကိုတိုတိုတုတ်တုပ်ပြောကာအခန်းပြင်ထွက်သွားသောသူတို့၏ဒုခေါင်းဆောင်ရယ်ပါ။

"မင်ဒူ ဘယ်လိုထင်လဲ ဒုသခင်ခုတလောတမျိုးများဖြစ်နေသလားလို့"

"ဘာကို.."

"ဒီလိုဗျာ...အရင်ကဆိုဒုခေါင်းဆောင်ကတော်ရုံမရယ်မပြုံး၊အပေါင်းအသင်းမထားဘူးလေ အခုတော့ တခုခုတော့တခုခုပဲ၊အဲ...ပြီးတော့ သခင်ဂျွန်ဆိုတဲ့တယောက်ကလည်း ခဏခဏလာနေတာတွေ့ရတယ်၊အခုလည်းပါသွားပြန်ပြီလေ"

"အင်း ဒါတော့ဟုတ်တယ်။
သခင်ဂျွန်ဆိုတဲ့တယောက်က ဒုသခင်ကိုဝန်ကြီးချုပ်ဖြစ်အောင်ကူညီပေးနိုင်တယ်ဆိုပေမယ့်ကွာ အခုဟာကလိုတာထက်ပိုလျှံထွက်နေတယ်လို့ငါလည်းထင်တယ်"

"ခေါင်းဆောင်ကကော ဒီတိုင်းကြည့်နေတာလားမသိဘူးနော်"

"ထိုးကျွေးပြီး...ပြီး"

*အဟမ်း*

အနောက်မှချောင်းဟန့်သံကြောင့် မင်ဒူနှင့် ဒူဝမ်နှစ်ယောက်စလုံး အငွေ့သာပျံချင်သွားသည်။ခေါင်းဆောင်ကအမြဲသူတို့ကိုအံ့အားသင့်စေတယ်။အခုလည်းအတင်းပြောနေတုန်းရှိသေး အနောက်ကဘွားကနဲပင်။

"ထိုးကျွေးပြီး...ဆက်ပြောလေ ဘာကိုထိုးကျွေးတာလဲ"

"ဟိုအဲ့ဒါက...မင်ဒူပြောလိုက်လေ"

Wᴇ Aʀᴇ Bᴏᴛʜ Dᴏᴍɪɴᴀɴᴛ Aʟᴘʜᴀ [KOOᗰOՏ]Where stories live. Discover now