3

623 84 18
                                    

Unicode

မယုံနိုင်သောမျက်လုံးတို့နဲ့အတူခြေထောက်အစုံဟာညွှတ်ကျသွားလို့။ဘာတဲ့....မေမေကနောက်အိမ်ထောင်ပြုဖို့ဖေဖေ့ကိုကွားရှင့်ခွင့်တောင်းသွားတယ်တဲ့လား။ဒါ့အပြင်ဖေဖေကလည်းသူ့အားတစ်ချက်မတိုင်ပင်ပဲလက်ခံလိုက်တယ်ပေါ့။

"မေမေ~"

စာချုပ်လေးအားတင်းတင်းကိုင်ရင်းမေမေ့နာမည်လေးကိုရေရွတ်မိတယ်။ဘာပဲပြောပြောဖေဖေ့ထက်စာရင်မေမေကသူ့အနားမှာခနလေးတော့ရှိနေနိုင်ပေးခဲ့တယ်။ဖေဖေကတော့သူ့ရှေ့မှာဟန်မပျက်ကြည့်နေလို့။သူကတော့ရင်ထဲမှာပြိုလဲနေဆဲ။

ဘယ်သူထင်မှာလဲ....
၁၈နှစ်ပြည့်မွေးနေ့မှာဖေဖေနဲ့မေမေရဲ့supriseလက်ဆောင်ကို။ကျောင်းကပြန်လာခြင်းရင်၌ဆောင့်ကန်ခံလိုက်ရသလိုပဲ။မျက်ရည်မကျမိစေဖို့အောက်နှုတ်ခမ်းအားထိန်းကာကိုက်ရင်းဖေဖေကတော့ခပ်ထေ့ထေ့အပြုံးတစ်ခုကိုဆောင်တယ်။ကိုယ့်ကိုကြည့်ပြီးမဆိုင်းမဆင့်ပြောလိုက်တဲ့ဖေဖေ့စကားရယ်က....

"ငါလည်းနောက်မိန်းမယူတော့မယ်"

"ဗျာ~"

ကြားလိုက်ရတဲ့စကားကသူ့ကိုအတိုင်းမသိဝမ်းနည်းသွားစေတယ်။ကိုယ့်ကိုတစ်ခါလေးတောင်နှုတ်မဆက်ဘဲထွက်လို့သွားတဲ့မေမေနဲ့ကိုယ့်ကိုဂရုမစိုက်ဘဲလုပ်ချင်တာလုပ်နေတဲ့ဖေဖေနဲ့။သြော်....ကျွန်တော်ကအသက်မဲ့နေတဲ့အရုပ်ပေါ့လား အဲ့လိုတွေးလို့ကိုယ်မှန်တယ်ဆိုပြီးတစ်ချက်တောင်ငဲ့မကြည့်ခဲ့လေသလား။

တင်းကျပ်လာတဲ့ရင်နဲ့အတူတစ်နေရာမှာသွားပြီးပေါက်ကွဲလိုက်ချင်သည်။ကိုယ့်ပုံစံကိုကြည့်ပြီးဖေဖေကတော့နှစ်သိမ့်စကားတစ်ခွန်းဆိုရှာပါတယ်။

"သူကမင်းအမေထက်ပိုကောင်းပါတယ်..."တဲ့။

ဟား....ဟုတ်မှာပါ။အမေအရင်းတောင်မကြည်ဖြူတဲ့သူ့ဘဝကိုမိထွေးတစ်ယောက်ကကြည်ဖြူနိုင်မှာသတဲ့လား။ဖေဖေသူ့ကိုအားနာတဲ့စိတ်နဲ့အဲ့လိုမျိုးပြောတယ်လို့သတ်မှတ်လိုက်ပါ့မယ်။

"ဘယ်သွားမလို့လဲ!"

စာချုပ်အားစားပွဲပေါ်မှာတင်ပြီးအပြင်ထွက်ဖို့ပြင်နေတဲ့သူ့ကိုဖေဖေကသတိတစ်ချက်နဲ့လှမ်းကားမေးသည်။ဝမ်းသာလိုက်ရမလား။တစ်သက်နဲ့တစ်ခါယောင်ယမ်းလို့တောင်မထွက်လာတဲ့အမေးတစ်ခုကြောင့် မျက်ရည်တွေကျပြီးသေမလောက်ဝမ်းသာပြလိုက်ရမလား။

လောင်ကျွမ်းမဲ့အချစ်(BRUN🔥)#complected #Where stories live. Discover now