20

747 82 16
                                    

Uni

နမ်ဂျွန်တစ်ယောက် ယွန်းဂီဆီကကြားလိုက်ရတဲ့အကြောင်းအရာတွေကြောင့်သနားတာနဲ့စိတ်မကောင်းဖြစ်မိတယ်။အကြောင်းစုံကို သိပ်နားမလည်ပေမဲ့သူပြောပုံအရဆိုရင်ဒါကသစ္စာဖောက်မှုပဲ။ဒီစကားတွေကိုဘာ့ကြောင့်လာပြောလဲဆိုတာမသိပေမဲ့သူ့ရဲ့နှစ်သိမ့်မှုကိုတော့ လိုအပ်နေတယ်ဆိုတာသိလိုက်ရတယ်။

ဒါ့ကြောင့်သူ့ရဲ့လက်လေးကိုကိုင်ပြီး ကျောလေးကိုပုတ်လိုက်တော့ကောင်လေးကရင်ခွင်ထဲကိုဝင်ပြီးငိုလာတော့တယ်။လက်တွေလည်းတစ်ဆက်ဆက်တုန်နေပြီး စကားတွေကိုလည်းဗလုံးဗထွေးပြောနေသေးတယ်။သူ့မှာကောင်လေးရဲ့မျက်ရည်တွေကိုမြင်ပြီး နေလို့လည်းမကောင်း။ကိုယ်ကတတ်နိုင်တာဆိုလို့ ချော့မြူပေးရုံတစ်ခုသာ။

"နမ်ဂျွန်...ငါ..ဂျောင်ကုကိုချစ်တယ်။"

ငိုလို့ဝပြီးတော့မှပြောလိုက်တဲ့စကားက ကျွန်တော့်ကိုဘာဖြစ်စေချင်တာလဲ??။

"ငါ့ကိုတစ်ခုကူညီပေးပါ။"

"ကိုယ်...ဘာကူညီပေးရမလဲ??"

"ငါသူ့ကိုခံစားစေချင်တယ်။ငါ့ကိုလုပ်ခဲ့တဲ့အရာလိုမျိုး။"

နမ်ဂျွန်ဘာပြန်ပြောရမှန်းမသိအောင်ပင်ဆို့နင်နေခဲ့သည်။ တကယ်ပဲ ကောင်လေးကသူ့ကိုမြေစာပင်ဖြစ်စေချင်ခဲ့တာလား??။

"ငါမင်းကိုတော့တောင်းပန်ပါတယ်..ဒါပေမဲ့ ငါ့အတွက်မင်းကူညီပေးမယ်ဆိုရင်မင်းတို့သားအမိနှစ်ယောက်အတွက် ငါတတ်နိုင်သလောက်ပြန်ပြီး​ကူညီပေးမယ်။"

"မင်း...ဘာကိုဆိုလိုတာလဲ"

"မင်းကိုလည်းကျောင်းဆက်ထားပေးမယ်။မင်းတို့အခု နေတဲ့တိုက်ခန်းကိုလည်းငါဝယ်ပေးမယ်။"

"အဲ့လောက်ထိကြီးတော့...."

"မဟုတ်ဘူး နမ်ဂျွန်...မင်းလက်ခံရမယ်။ဒီကိစ္စကို မင်းကခနလေးကူညီရမယ်ဆိုပေမဲ့မင်းအတွက်လည်းငါ့ဘက်ကလုပ်ပေးနိုင်သလောက်လေး ပြန်လုပ်ပေးချင်တယ်။ဒါမှနှစ်ဦးနှစ်ဖက်လုံးလည်း ဝန်ပေါ့နိုင်မှာ။မင်းလက်ခံမယ်မလား??"

puppy eyeမျက်လုံးလေးတွေနဲ့အသနားခံလာသည့်အသံကလေးတွေကြောင့်ဒီလူရဲ့ နှလုံးသားတွေကဘယ်လိုခံနိုင်ရည်ရှိတော့မှာလဲ??။အဲ့တော့ ရွှေစိတ်တော်လေးမညိုးရအောင်ကူညီပေးရတော့မှာပေါ့။သူပြောသလို ဒီကိစ္စကခနပါပဲဆိုတော့ကိုယ်လည်းလက်ခံမိတယ်။ဂျောင်ကုကိုယွန်းဂီက ချစ်နေတော့နမ်ဂျွန်လည်းရှေ့ဆက်မတိုးချင်တော့ပါ။သိတဲ့အတိုင်း သူ့ဘဝကမပြည့်စုံတော့သေးသိမ်နိုင်သည့်အတိုင်း အလွယ်တကူနောက်ဆုတ်ပေးနိုင်ခဲ့ပြီလေ။

လောင်ကျွမ်းမဲ့အချစ်(BRUN🔥)#complected #Where stories live. Discover now