10

691 75 70
                                    

Unicode

"jungkook! ထစမ်း!"

"အင်း~"

စောင်ပုံကြားထဲမှာခေါင်းလုမတတ်ဖြစ်နေသည့်သူ့ကို အပေါ်စီးမှကြည့်ပြီးခါးထောက်ကာခပ်စူးစူးလေးခေါ်လိုက်တော့မျက်လုံးမဖွင့်သေးဘဲ တစ်အင်းအင်းတစ်အဲအဲသာလုပ်၍။

"ငါထလို့ပြောနေတယ်!"

"ခနပါပဲယွန်းရယ်~"

အိပ်ချင်မူးတူးဖြစ်နေလို့လားမသိ။လျက်တစ်ပျက်ခေါ်လိုက်သည့်'ယွန်း'ဆိုတဲ့နာမ်စားလေးကြောင့်ပြုံးမိပြန်ရဲ့။

"မင်းဘာလို့ဒီမှာအိပ်နေတာလဲ အခန်းထဲလာခဲ့လေ"

နှဖူးပေါ်မှာကျနေသည့်ဆံပင်လေးအားတင်ပြီးပြောတော့ သူကမျက်လုံးများကိုဖြေးဖြေးချင်းဖွင့်ရင်းလူကိုစိုက်ကြည့်လာသည်။မနေ့ကသူ့ကိုမခံချင်အောင်တွေပြောပြီး၊တကယ်လည်းဟိုမိန်းမဆီသွားတာမဟုတ်။ဧည့်ခန်းထဲမှာစောင်တစ်ထည်နဲ့သာကွေးနေတဲ့သူ့ကို ကျွန်တော်မနက်မှသိရတဲ့အဖြစ်။သူထွက်သွားပြီဆိုလို့ ကျွန်တော်လည်းဘာမှမတွေးတော့ဘဲအိပ်လိုက်တော့တာ အခုချိန်ထိဆိုပါရော။

နေနိုင်တယ်လို့တော့မပြောနဲ့နော်။ကျွန်တော်ကလူတစ်မျိုး။ကိုယ့်ရှေ့မှာအဲ့လူရှိမှလျှောက်တွေးချင်ရာတွေးတာ ကိုယ့်ကွယ်ရာမှာဆိုစိတ်တောင်မဝင်စားတတ်။အခုလည်းဂျောင်ကုအိမ်မှာနေနေရတယ်ဆိုပေမဲ့ အမှန်တိုင်းပြောရရင်သူ့ရဲ့သက်ဆိုင်သူတစ်ယောက်အနေနဲ့ဖြစ်သင့်တာမို့ဘာ့မှ မနေတတ်စရာမရှိ။ကျွန်တော်ကအဲ့လိုလူမျိုးပင်။

"ဘယ်နှစ်နာရီထိုးပြီလဲ"

ရုတ်တစ်ရက်အိပ်နေရာမှကောက်ထိုင်ပြီးမြေပြင်ပေါ်ကိုသာကြည့်ရင်းကျွန်တော့်ကိုမေးလာတဲ့သူက အသံလေးကဒေါသနဲ့။

"လေးခွဲ"

"ဟင်! မနက်လေးခွဲကိုပြောတာလား!"

"မနက်လေးခွဲမဟုတ်လို့ ညနေလေးခွဲဖြစ်မလား"

"ယွန်းဂီ မင်းငါ့ကိုလာမရွဲ့နဲ့!!"

"ဟက် ရွဲ့တာတော့မဟုတ်ပါဘူး။ဒါပေမဲ့ ငါကတော့အဲ့အတိုင်းပဲ!"

လောင်ကျွမ်းမဲ့အချစ်(BRUN🔥)#complected #Where stories live. Discover now