8

590 67 47
                                    

Unicode

"သား ဘယ်သွားမလို့လဲ"

ဒေါ်ကြီးရဲ့အမေးအား သူပြန်မဖြေလိုက်တော့ပါ။ရင်ထဲမှာအရမ်းဝမ်းနည်းနေလို့တစ်နေရာကိုရှောင်ထွက်သွားတယ်လို့ပဲဒေါ်ကြီးထင်ပါစေတော့။ အင်း...တကယ်လည်းသူဝမ်းနည်းနေတာပဲလေ။ဒီနေ့ကဟိုမိန်းမရဲ့မွေးနေ့ကြောင့် ကျွန်တော်သိပ်ကိုဝမ်းနည်းနေတယ်။

အဲ့တော့ရောက်ခြင်ရာရောက်ဆိုပြီးကျောင်းမသွားတော့ဘဲ ကားတစ်စီးနဲ့မြို့ထဲလျှောက်ပတ်လာခဲ့တော့တယ်။အရမ်းစိတ်ညစ်နေရင်ဘယ်သူနဲ့မှစကားမပြောချင်လို့ ဖုန်းဆက်ပိတ်တယ်၊သီချင်းကိုအကျယ်ကြီးဖွင့်ပြီးအော်ဆိုနေမိတယ်။မနက်ခင်းထဲကမမြင်ချင်တာတွေမြင်နေရတာမို့ သူဒီအတိုင်းအားလုံးကိုမသိချင်ယောင်ဆောင်ကာတစ်ယောက်ထဲကားပေါ်မှာ ပျော်မွေ့နေမိတယ်။

ဖေဖေကတော့ အဖေပီသီရှာပါတယ်။ဟိုမိန်းမရဲ့မွေးနေ့ကြောင့်အလုပ်တောင်မသွားဘဲသူကိုယ်တိုင် စီစဥ်နေရှာရဲ့။သိပ်တော်လွန်းလို့လည်းချီးကျူးမိချင်တယ်။သူများတွေမြင်ရင်သားသမီးအပေါ်သိပ်ကိုချစ်တဲ့မိဘတစ်ယောက်ပေါ့။သူလည်း ဖေဖေနဲ့ပက်သက်ပြီးဒီနေ့ကစ၍ဘာကိုမှလိုက်ခံစားမနေချင်တော့ပါ။

ကိုယ့်သားရဲ့မွေးနေ့ကိုတောင်မသိတဲ့ဖခင်တစ်ယောက်အပေါ်သူဘာတွေများမျှော်လင့်လို့ရပါဦးမလဲ။ ဖေဖေကတော့သူနဲ့ဒီမှာတင်ဇာတ်လမ်းပြီးဆုံးသွားပြီလို့ထင်တယ်။ဒီနေ့တော့ အခြားတစ်ယောက်ကြောင့်သူ့အသဲနှလုံးတွေကွဲကြေကုန်ပါရဲ့။

>>>>>>>

အချိန်ကဖြင့် ည၇နာရီပင်ထိုးနေလေပြီ။မနက်ထဲကသွားချင်ရာသွား၊စားချင်တာစားနဲ့ပိုက်ဆံလေးလည်းတော်တော်ဖြုန်းခဲ့တယ်။ဘာပဲပြောပြော သူကျေနပ်တယ်။ဖေဖေ့သားမို့ဒီလောက်တော့လုပ်ပိုင်ခွင့်ရှိတယ်မလား။

လုပ်စရာတွေကုန်သွားတာကြောင့်ကျွန်တော်လည်းဖုန်းကိုဖွင့်ပြီးဘယ်သူတွေစာပို့၊ဖုန်းခေါ်လုပ်ထားလည်းဆိုတာကြည့်မိသည်။ များများစားစားမရှိပေမဲ့သူ့ရဲ့တစ်ဦးတည်းသူဖြစ်တဲ့ဂျောင်ကုကတော့ဖုန်းတွေခေါ်ထားလေရဲ့။စာတော့မပို့ထားပေမဲ့ ဒီလိုအခြေနေတွေမှာကျွန်တော်ဘာဖြစ်နေမလဲဆိုတာသူရိပ်မိမှာပါ။

လောင်ကျွမ်းမဲ့အချစ်(BRUN🔥)#complected #Where stories live. Discover now