6

488 68 34
                                    

Unicode

"ဂျောင်ကု...ငါဒီနားလေးနားမလည်လို့ရှင်းပြပါလား"

"ဘယ်နားလေးလဲ ဂျီဝန်း...ကိုယ်ရှင်းပြမယ်"

စာအတူတူလုပ်မယ်ဆိုသော်လည်းနှစ်ယောက်တစ်ကမ္ဘာသာဖြစ်နေသည့်သူတို့ကြောင့် ဝမ်းနည်းလာရသလိုဒေါသလည်းဖြစ်မိတယ်။ဘာ့ကြောင့်ရယ်မှန်းမသိထပ်ပြီးလျစ်လျူရှု့လိုက်သလိုခံစားရမိတာပဲ။

"ဂျောင်ကု မိုးချုပ်နေပြီအိမ်ပြန်တော့!"

ဆက်ပြီးကြည့်ချင်စိတ်မရှိသောကြောင့်အချိန်ကိုသာအကြောင်းပြရင်းမောင်းထုတ်မိသည်။ဒါကိုသူကမကျေနပ်တဲ့မျက်နှာထားနဲ့

"ခနနေပါဦးယွန်းရယ်....အခုမှ၈ခွဲပဲရှိပါသေးတယ်"

"ဘယ်လိုပဲဖြစ်ဖြစ်ကွာ မရဘူးမင်းပြန်!"

"ယွန်း! ဒါကတော့အရမ်းလွန်သွားပြီနော်။ဂျီဝန်းမှာအခုထိတစ်ဘာသာတောင်မပြီးသေးပဲ"

ယွန်းဂီ့မှာဂျောင်ကုကိုကြည့်ရင်းတုန်လှုပ်မိသည်။တစ်သက်နဲ့တစ်ကိုယ်တစ်ခါမှမအော်ဘူးတဲ့သူက အခုတော့သူစိမ်းမိန်းကလေးတစ်ယောက်ကြောင့်တဲ့လား။ငါအံသြလို့မဆုံးဘူး ဂျွန်ဂျောင်ကုရယ်။မင်းပြောင်းလဲသွားလိုက်တာ။

"ဟို....ဂျောင်ကု...ယွန်းဂီoppa​ပြောတာမှန်ပါတယ်။နင်လည်းနားချင်ပြီပေါ့ပြန်တော့လေ။နောက်ပြီး ငါဂိုက်ဆရာမကိုလည်းခေါ်ထားပါသေးတယ်။အခုဟာကစာကူးရုံလောက်ပဲဆိုတော့ အဲ့လောက်ထိအပင်ပန်းခံစရာမလိုပါဘူး။"

"တကယ်ရောဟုတ်ရဲ့လားဆရာမလာမယ်ဆိုတာ?"

"အင်း...ဟုတ်တယ် ဦးကခေါ်ပေးထားတာလေ။ငါ့အတွက်တဲ့"

သဘောရိုးရိုးရယ်ပြီးပြောလိုက်တဲ့စကားတစ်ခွန်းကြောင့်ဂျောင်ကုမှာယွန်းရဲ့မျက်နှာကိုအမြန်ပင်လှမ်းကြည့်မိ၏။ဒီခံစားချက်ကိုကျွန်တော်နားလည်တယ်။ယွန်းတုန်းကဆို တစ်ဘာသာကျလို့တောင်ဂိုက်မခေါ်ပေးခဲ့တဲ့Min CEOကြီးကအခုတော့ဂျီဝန်းကိုခေါ်ပေးတယ်တဲ့လား။သူဒီလိုနည်းနဲ့ဖြည့်တွေးပေးလိုက်ပါတယ်။ဂျီဝန်းကယွန်းထက်စာရင်တော်တော်လေးစာနောက်ကျသူမို့စိုးရိမ်ပြီး လုပ်ပေးခဲ့တာလို့ပဲ။

လောင်ကျွမ်းမဲ့အချစ်(BRUN🔥)#complected #Where stories live. Discover now