15

888 86 16
                                    

Unicode

ဂျောင်ကုတစ်ယောက်ကျောင်းမတက်ရတော့အိမ်မှာပဲနေကာယွန်းကိုအလုပ်ကူပေးနေမိသည်။သေချာစဥ်းစားကြည့်တော့ယွန်းတစ်ယောက်ထဲ ဒီအိမ်ကြီးရဲ့တာဝန်တွေကိုဘယ်လိုယူလဲမသိ။ပန်းကန်ဆေးလည်းတစ်ယောက်ထဲဟင်းချက်လည်းတစ်ယောက်ထဲနောက်ပြီး အဝတ်လျှော်လည်းတစ်ယောက်ထဲ။

သူ့လိုသူငှေးသားလေးအားအမေဘာ့ကြောင့်အခုလိုလုပ်လဲဆိုတာကျွန်တော်သိသည်။ဒါ့ကြောင့်ယွန်းလိုအပ်တာကိုဝိုင်းကူပေးရင်း အနားမှာအချိန်ဖြုန်းနေမိသည်။

ယွန်းကလည်း သူအနားကပ်သလောက်နှင်မထုတ်ပေ။မတွေ့ရတာကြာပြီဖြစ်တဲ့အပြုံးလေးအားအခုလိုပြန်မြင်ရတော့လဲဂျောင်ကုသဘောကျမိသည်။နှစ်ယောက်သားနီးကပ်ချိန်ကလဲအခုမှပြန်ပြီးစတာမို့တစ်ယောက်နဲ့တစ်ယောက်အစက အိုးတို့အန့်တန်းဖြစ်နေမိသေးသည်။ဒီအတိုင်းဘေးနားမှာနေရင်း သူအိုးတွေခွက်တွေဆေးရင်ကျွန်တော်ကနောက်ကနေ ဆေးပြီးသားတွေကိုပြန်သိမ်းပေးတာမျိုး။

ဒါ့အပြင်ယွန်းကိုစကားမရှိစကားရှာအကြောင်းရှာရင်း ငယ်ငယ်တုန်းကရယ်စရာဟာသတွေကိုလည်းပြန်ပြောနေမိသည်။

"ဂျောင်ကု....မင်းသွားနားပါတော့ တော်ကြာမင်းအမေနောက်တစ်ခါလာပြီးဆူနေပါဦးမယ်"

ယွန်းဒီလိုပြောတာက ခုနကအမေကကျွန်တော့်ကိုခိုင်းရမလားဆိုပြီးယွန်းကိုဝင်ဟောက်သွားတဲ့ကိစ္စနဲ့ပင်။ဒါကိုသူကသာကြားထဲကနေဝင်ရှင်းပြီး ပျင်းလို့လုပ်ပေးတာဆိုတဲ့အကြောင်းပြချက်ကြောင့်မေမေဟာမျက်စောင်းသကဲကဲနဲ့ထွက်သွားတာမကြာသေး။ထပ်ပြီးအဆူခံရမှာဆိုးလို့ ကျွန်တော့်ကိုအတင်းထွက်ခိုင်းနေသောယွန်းကိုလည်းနားလည်ပါတယ်။

"အေးလေ....အဲ့တာဆိုလည်းငါအခန်းထဲမှာစောင့်နေလိုက်မယ်...ဟင်းကျက်ရင်တော့လှမ်းခေါ်လိုက်နော် ငါဗိုက်ဆာလို့"

"ဟင်...ဘယ်လို မင်းကငါချက်ထားတာကိုစားမယ်"

အထူးအဆန်းကြီးဖြစ်နေတဲ့ယွန်းကို ဂျောင်ကုအူလည်လည်လေးကြည့်နေမိသည်။ဘာ့ကြောင့်ဒီလိုပြောရသလဲ စဥ်းစားမိတော့လွန်ခဲ့တဲ့နှစ်လလောက်ကကျွန်တော်ပြောခဲ့သည့်စကားကြောင့်ပင်နေမယ်။အဲ့တုန်းက ဘေးနားမှာဂျီဝန်းရှိနေလို့တမင်တကာအနိုင်ယူပြီးပြောတာကို ဒီငတုံးလေးကမသိတာပဲလား။

လောင်ကျွမ်းမဲ့အချစ်(BRUN🔥)#complected #Where stories live. Discover now