ကိုယ့်ရဲ့နတ်သားလေး(Final)

1.3K 75 20
                                    

Unicode

ဂျောင်ကုသတိမေ့နေတာဒီနေ့နဲ့ဆိုတစ်ပတ်ရှိလေပြီ။ ဆရာဝန်တွေကတော့မစိုးရိမ်ဖို့ပြောပေမဲ့ဒီလောက်ဆိုသတိရသင့်ပြီမလား??။ဂျောင်ကုရဲ့ အေးစက်နေတဲ့လက်ဖျားလေးတွေကိုကိုင်ပြီးယွန်းဂီ အသံတိတ်မျက်ရည် ကျမိသည်။သူ ဒီထက်ပိုကောင်းပေးရမှာ။ချစ်တယ်လို့ပြောတာကိုလည်းအနိုင်မယူဘဲယုံပေးရမှာ။အခုတော့သူနောင်တတွေရနေခဲ့ပါပြီ။

နေ့တိုင်း ဘုရားမှာဆုတောင်းပြီးဂျောင်ကုကိုပြန်ပေးဖို့ပြောရတာလည်းနေ့တွေမနည်းတော့ပေ။ဂျောင်ကုကတော့ လောကကြီးနဲ့ခနတာအဆက်သွယ်ပြတ်ကာအနားယူနေတယ်နဲ့တူသည်။ဖြစ်နိုင်ရင် အရမ်းလွမ်းနေတာမလို့လိုက်သွားလို့ရရင်သိပ်ကောင်းမှာပဲ။သူနဲ့တွေ့ရင် ချစ်တယ်လို့ကိုယ့်ဘက်ကအရင်ပြောမယ်။ပြီးရင် ဘယ်လောက်ထိချစ်တယ်၊မြတ်နိုးတယ်ကအစ အချိန်တိုင်းပြောမယ်။

"သားလေး...ဒီနေ့ရုံးချိန်းနောက်ဆုံးနေ့မသွားတော့ဘူးလား??"

ကျွန်တော်နဲ့အတူစောင့်နေပေးသော ဒေါ်ကြီးမှပြောလာတာမို့ ခေါင်းအသာယမ်းပြလိုက်ပြီး

"ဟင့်အင်း...ဒေါ်ဒေါ် တော်ကြာ...ဟိုကိုသွားနေတုန်းဂျောင်ကုနိုးလာမှ ကျွန်တော့်မတွေ့လို့တစ်မျိုးထင်နေဦးမယ်။"

"ဒါများ...သားရယ်။ဒေါ်လေးပြောပြထားမှာပေါ့။"

"နေပါစေ..ဒေါ်ဒေါ်ရယ်..သားလည်းသွားချင်စိတ်မရှိလို့ပါ။သား..ဂျောင်ကုသတိရတဲ့အထိဘေးနားမှာဒီအတိုင်းလေးပဲနေချင်တယ်။"

ပြောမရတဲ့အဆုံးဒေါ်ကြီးက သက်ပျင်းလေးချပြီးခေါင်းငြိမ့်ပြသည်။အခု ကျွန်တော်ကဆေးရုံမှာပဲနေပြီးအလုပ်ကိုလည်းတစ်ဖက်ကစီစဥ်နေရသည်။စိတ်သွားတိုင်းကိုယ်မပါလို့လားမသိ။တော်တော်လေးကိုမှ ပင်ပန်းပါတယ်။

"မဂ်လာပါ..."

တာဝန်ကျဆရာဝန်မှအခန်းထဲဝင်ပြီးလာနှုတ်ဆက်သောကြာင့် ယွန်းဂီတစ်ယောက်ခုတင်ဘေးမှဖယ်ပေးလိုက်၏။ဆရာဝန်ကတော့ဂျောင်ကုရင်ဘတ်လေးကိုနားကြပ်လေးနဲ့ တစ်ချက်,တစ်ချက်စမ်းပြီးခေါင်းငြိမ့်နေသည်။

You've reached the end of published parts.

⏰ Last updated: Jul 23, 2022 ⏰

Add this story to your Library to get notified about new parts!

လောင်ကျွမ်းမဲ့အချစ်(BRUN🔥)#complected #Where stories live. Discover now