13

1.1K 81 110
                                    

Unicode

မနက်စောစောစီးစီးပြဿနာဖြစ်ရပြန်သည်မှာကိုယ့်ကိုအမြင်မကြည်သည့်ယောက္ခမဆီမှ

"ဒါတွေကို ဒီလိုချက်မှတော့ဘယ်လိုလုပ်အရဿာရှိမှာလဲ! နောက်ပြီးနင်မီးဖိုချောင်ထဲဝင်တာဒီနေ့နဲ့ဆိုဘယ်နှစ်ရက်တောင်ရှိပြီလဲ!အခုချိန်ထိထမင်းကပျော့နေတုန်းလား!"

"ကျွန်တော်လည်းကြိုးစားလုပ်နေတာပဲလေ အန်တီ!"

မခံချင်စိတ်ကရှိတော့စကားတစ်ခွန်းချင်းစီတိုင်းကိုခွန်းတုန့်ပြန်မိသည်။ဒါကိုမလေးစားဘူးဆိုပြီး ယောက္ခမကြီးကတင်းလေရဲ့။

"နင် အခုချိန်ထိလူကြီးသူမကိုပြန်ခံပြောနေတုန်းလား။မှားမှားမှန်မှန် ခေါင်းငုံ့နေရမှာပဲလေ!သူများအိမ်မှာလည်းနေသေးတယ်လေသံကလည်းမလျှော့!"

သူစိမ်းဆန်တဲ့စကားတွေဆိုအန်တီမီဂျွန်ရောဂျောင်ကုရောသိပ်ပြောတတ်သည်။'သူများ' လို့ပြောတဲ့အချိန်မျက်နှာကြောကတင်းနေတာသားအမိနှစ်ယောက်လုံးတစ်ပုံစံထဲ။လူကလည်းသည်းခံမှတ်ကိုကျော်နေပြီမို့ လက်ဖျားတွေတစ်ဆတ်ဆတ်တုန်လာရတယ်။

သူ့သားသမီးမဟုတ်လို့ပြောနေလိုက်တာများ တစ်ခုမှအကောင်းမရှိ။တစ်ခါတစ်ခါဆို ဂျီဝန်းနဲ့တောင်နှိုင်းလိုက်သေးသည်။ကြာတော့လည်း သူဟာလူပဲ။ပြန်ပြောလို့ရိုင်းတယ်ထင်လည်းမတတ်နိုင်ဘူး။

"အန်တီပြောတဲ့ သူများဆိုတာလတ်တလောကျွန်တော့်ခင်ပွန်းဂျောင်ကုနဲ့သက်ဆိုင်သူတွေနော်!"

"အံမယ်! ခင်ပွန်းဆိုပဲ...သက်သေပြစရာလက်ထပ်စာချုပ်တောင်မရှိတဲ့နင်ကဘာကိုပြောပြီး ဖြစ်ချင်နေရတာလဲ!"

"အန်တီ​ပြောတဲ့လက်ထပ်စာချုပ်ထက် ကျွန်တော်တို့နှစ်ယောက်လုံးကတစ်အိပ်ယာထဲမှာအတူအိပ်နေတာလေ သက်သေပြစရာဘာလိုသေးလို့လဲ!!"

"ကြည့်...ကြည့်...တကယ့်အရိုင်းအစိုင်းပဲ! မိမဆုံးမ ဖမဆုံးမဆိုတော့လူကြီးသူမကိုယဥ်ယဥ်ကျေးကျေးစကားမပြောတတ်ဘူးပေါ့!ဟက်...အေးလေ! ဖအေကော မအေကောကသူ့ကိုမသက်သာလို့မွေးထားတာပဲ!"

လောင်ကျွမ်းမဲ့အချစ်(BRUN🔥)#complected #Where stories live. Discover now