9

609 61 50
                                    

Unicode

"ဒါ...ဒါတွေက"

"မင်းငါ့ကိုတာဝန်ယူရမယ်!"

တုန်လှုပ်နေတဲ့သူအား တစ်ချက်မလျှော့ဘဲပြောမိသည်။ဒါကိုသူကဒေါသနဲ့ကော်လန်စကိုလာဆွဲပြီး

"မင်းလုပ်ရက်လိုက်တာ!!"

"အင်း ငါလုပ်ရက်တယ်! ဒါကလည်းမင်းကိုမုန်းလို့!"

ရင်နာနာနဲ့မုန်းတယ်ဆိုတဲ့စကားအားဖိပြောမိသည်။အမှန်ဆိုသူ ဒီယောကျာ်းကိုသိပ်ချစ်တာပါ။

"ဘာ...မုန်းလို့ဟုတ်လား!"

"ဟုတ်တယ်...မုန်းတယ် မုန်းလို့ပဲအခုလိုလုပ်ခဲ့တာ"

"ယွန်း...မင်း!"

"တာဝန်မယူဘူးဆိုရင် ငါဒီvideoကိုအင်တာနက်ပေါ်ဖြန့်လိုက်မှာ "

"..............."

"ဒါဆိုမင်းလည်းကျောင်းနားရမယ်နဲ့တူတယ် ဟက်!"

သူ့အပြောအားတုန်လှုပ်စွာနဲ့ကြည့်နေသောဂျောင်ကုကြောင့်ရင်ဘတ်ထဲမှာအောင့်လာရတယ်။ဒါ​ပေမဲ့ ငါမငိုဘူးဂျောင်ကု။ငါ့မျက်ရည်ကိုမြင်ရင်အနိုင်ရတယ်လို့ထင်မှာဆိုးလို့ငါလုံးဝမငိုဘူး။

"ဟင့်...ဂျီဝန်းရယ်"

ဒူးထောက်ကာမျက်နှာငုံ့ပြီးငိုချလိုက်တဲ့သူ့ကြောင့် မျက်ရည်ဟာကျလာခဲ့ရတယ်။သူ့ပုံစံကိုမမြင်ရက်လို့ ကျောလှည့်မိတော့သူ့ငိုသံကြောင့် ခြေထောက်တွေတုန်လာရတယ်။မင်းချစ်ခြင်းကိုခွဲခဲ့မိတဲ့အတွက်တောင်းပန်ပါတယ်။ငါမှားမှန်းလည်းသိသလို မင်းမုန်းမှာကိုလည်းသိတယ်။ဒါပေမဲ့ဂျောင်ကုရယ် ငါတစ်ကိုယ်ကောင်းဆန်ပါရစေ။အချစ်မခံရရင်နေပါ။ အထီးမကျန်ရရင်ပဲကျေနပ်ပါပြီ။

"ကောင်းပြီ...ငါမင်းကိုတာဝန်ယူမယ်!!"

ခပ်မာမာထွက်လာသည့်သူ့စကားကြောင့်ကျွန်တော်လည်းမျက်ရည်ကိုအမြန်သုတ်လိုက်ကာ သူ့ကိုလှည့်ကြည့်လိုက်ပြီး

"မင်းဘာပြောလိုက်တယ်"

"ငါ့ကောင်မလေးရဲ့အရှက်သိက္ခာကြောင့်မင်းကိုငါတာဝန်ယူလိုက်မယ်...ဒီvideoကိုမင်းဖြန့်လိုက်ရင်ငါကအကြောင်းမဟုတ်ပေမဲ့ ဂျီဝန်းအတွက်သိပ်ကိုရှက်ဖို့ကောင်းနေလိမ့်မယ်။ဒါ့ကြောင့် ငါတာဝန်ယူမယ်!!"

လောင်ကျွမ်းမဲ့အချစ်(BRUN🔥)#complected #Where stories live. Discover now