21🚨🚨

1.3K 79 16
                                    

Unicode

"ယွန်း...နေ့ခင်းကျရင်ငါရုံးကိုလာခဲ့မယ် ထမင်းတူတူစားရအောင်။"

"မလာနဲ့ ငါမအားဘူး!"

"အေးအေး....ဒါဆိုဆယ့်တစ်ခွဲလောက်ဆိုရင်လာခဲ့မယ်။"

ကြည့်...ကြည့်။ဂျွန်ဂျောင်ကုကအဲ့လိုပဲ။ကျွန်တော်နဲ့အမြဲတမ်းဆန့်ကျင်ဘက်။တားမရတော့လည်း ဆက်ပြီးစကားမပြောနေတော့ပါ။ဒါ့ကြောင့် အောက်သို့ဆင်းလာပြီးရုံးသွားဖို့အတွက်ကားထဲဝင်ထိုင်လိုက်တော့သည်။ဒါတောင် အိမ်ရှေ့ထိလိုက်ပို့တဲ့သူကြောင့်ရန်ဖြစ်ရသေးတယ်။

"ပြန်တော့!"

"popoပေးမှ သွားမယ်။"

ပါးတစ်ဖက်ကိုဖောင်းပေးနေတာလေးက တကယ်ပဲဘယ်လိုလေးလဲ??။

"သွားတော့ကွာ...."

"ယွန်းမပေးရင် ကိုယ်ပေးမယ်...မွ!"

"ဟာ...ဒီကောင်တော့"

ဒါရိုက်ဘာရှေ့တင်မရှောင်။ အိမ်ရှေ့ကြီးမှာတင်သူလုပ်ချင်တာလုပ်သွားတဲ့ကောင်လေးကြောင့် ကျွန်တော့်မှာပါးဆိုသည်မှာခပ်ရဲရဲ။

"သွား...သွားကြမယ်။"

အခုထိ ကားပေါ်မတက်သေးဘဲပြုံးပြီးကြည့်နေတဲ့ ကားမောင်းသူကြောင့်ရှက်ယမ်းရမ်းပြီးပြောလိုက်တော့မှ သူကကားထဲသွားပြီးစက်နှိုးတော့သည်။ယွန်းဂီမှာ ပထမဆုံးရုံးတက်ရက်မို့ စိတ်လှုပ်ရှားနေပါတယ်ဆိုမှဂျောင်ကုရဲ့ အနမ်းလေးကြောင့်စိတ်တွေမှာပိုပြီးမရိုးမယွဖြစ်လို့လာရသည်။ဂျောင်ကုဆိုသည်မှာလဲ ကိုယ့်ရဲ့အားနည်းချက်ကိုများသိနေသလား??။အမြဲတမ်းအနမ်းလေးတွေပေးပြီး လူကိုစကားပြောတတ်သည်။

ဘာလိုလိုနဲ့ဂျောင်ကုတို့အမေ ဒီနေ့တရားရင်ဆိုင်ရမယ်လို့ကြားတယ်။ဂျောင်ကု့အတွက်တော့စိတ်မကောင်းဖြစ်မိပေမဲ့သူတို့ရဲ့လောဘတွေကြောင့်ဒီလိုတော့ပြန်လုပ်မှဖြစ်မည်။ကျွန်တော်တို့ရဲ့စည်းစိမ်အမွေတွေကိုလောဘတက်ပြီးလိုချင်ရင်တော့ဒီလောက်တော့ပြန်ပေးဆပ်ရမှာပဲ။ယွန်းဂီ သွားလည်းတွေ့ဦးမှပါလေ။သူတို့တွေဘာကိုထပ်ပြီးလိမ်ညာထွက်ဆိုဦးမလဲဆိုတာ သိချင်မိတယ်။

လောင်ကျွမ်းမဲ့အချစ်(BRUN🔥)#complected #Where stories live. Discover now