Part 3

16K 1.8K 293
                                    

Unicode

မာမီနေရာချပေးခဲ့တဲ့ ကားနောက်ခန်းမှာ ခပ်တည်တည်နဲ့ ထိုင်နေသော ဆရာဝန်ကို မနှစ်မြို့စွာ တစ်ချက်ကြည့်လိုက်ပြီး ဘေးမှာ ဝင်ထိုင်ရန်လုပ်တော့ ထိုဆရာဝန်က ကားရဲ့တံခါးဘက်ကို တိုးကပ်သွားသည်။

သူ့ဘက်က မသိမသာတိုးသွားတာဆိုပေမယ့် သိသိသာသာကို သတိထားမိလိုက်သည်။

သတ်ိထားမိမှာပေါ့ ကားတံခါးဘက်ကို တိုးကပ်သွားတာများ ပြတင်းပေါက်ကနေတောင် ပြန်ထွက်ကျတော့မတတ်။

သူကပဲ တစ်ပြန်စီး ကိုယ်နဲ့ မထိုင်ချင်သလို လာပြီး အကဲဆတ်ပြနေတဲ့ ထိုဆရာဝန်အား စိတ်ထဲ တင်းခနဲ။

ရာရာစစ သူများကားကိုလဲ လိုက်စီးသေးတယ် .. ကားပိုင်ရှင် ကိုယ့်ထက်တောင် သူက လာပြီး အကဲပိုပြနေသေးတယ်။

ဂျွန်ဂျောင်ဂုတို့ဆိုတာကလည်း ကိုယ့်ကို အကဲဆတ်လာရင် ပြန်ချိုးပေးလိုက်ရမှ ..။

"ဟေ့ .. ဆရာဝန်"

ငုံ့မိုးပြီး ခေါ်လိုက်တော့ သူက ကားထဲကနေ ထုံပေပေဖြင့် ပြန်မော့ကြည့်သည်။

"အရှေ့ခန်းသွားထိုင် .. ကျုပ် သူစိမ်းတွေနဲ့ အတူမထိုင်တတ်ဘူး"

အမြင်ကတ်လို့ တမင်ချိုးဖဲ့ပြီး ပြောလိုက်ပေမယ့် သူက မျက်နှာမပျက်သွားတဲ့အပြင် ဝမ်းသာလုံးစို့သွားတဲ့ရုပ်ကြီးဖြင့် ကားရှေ့ခန်း ယောန်ဂျွန်းဘေးက Lover Seat သို့ အပြေးထိုင်သည်။

ဟားး .. ဒါကဘာလဲ။
တကယ်ပဲ ငါနဲ့မထိုင်ချင်တာပေါ့ ..။

အောင်မာ .. ငါကလည်း သူ့လို ကလိမ်ကကျစ် ဆရာဝန်နဲ့ ပိုတောင် မထိုင်ချင်သေး ..။

စိတ်ထဲ ခပ်ဖျဉ်းဖျဉ်းဖြစ်ကာဖြင့် ကားနောက်ခန်းထဲ ဝင်ထိုင်လိုက်သည်။

ယောန်ဂျွန်းကတော့ အစတည်းက ဖော်ရွေတတ်တဲ့ကောင်လေးမို့ သူ့ကို ရည်ရည်မွန်မွန်စကား စ လေသည်။

"ဒေါက်တာ .. ဘယ်ကိုပို့ပေးရမလဲ"

"ဟုတ် .. (xxx) ကိုပါ"

ဟက် .. နေတဲ့နေရာက ချောင်ကြိုချောင်ကြား။

ဆရာဝန်တစ်ယောက်ဖြစ်ပြီး အဲ့သလောက်ထိ မွဲတေရသလား ?

MR's DOCTORWhere stories live. Discover now