Part 7

14.4K 1.6K 156
                                    

Unicode

သူ့အန်ဖတ်တွေနဲ့ သူ ရွံနေသော ဆရာဝန်ငမူးရဲ့အလိုကျ ဂျောင်ဂုမှာ Taxi ဌားဖို့ လုပ်ရပါတော့သည်။

Taxi ရတော့ သူ့ကို မနည်းထိန်းကာ ကားပေါ်ဆွဲသွင်းပြီး သူ့အိမ်ပြန်ပို့လို့လည်း မဖြစ်တာမို့ ကိုယ့်အိမ်ခေါ်သွားဖို့သာ ရှိတော့သည်။

ချဉ်စူးစူးအနံ့နဲ့ ထောင်းထောင်းထနေသော အန်ဖတ်တွေဟာ သူ့အင်္ကျီမှာ ပေပွနေလျက်။

ဂျောင်ဂုလို အသန့်ပြန့်ကြိုက်သောသူအဖို့ ထိုဆရာဝန်ငမူးဟာ သိပ်ရွံဖို့ကောင်းလွန်းသည်။

အဲ့ဒါမို့ ကားပေါ်ရောက်တာနဲ့ သူ့ဘေးမှာ နီးနီးကပ်ကပ်မထိုင်ပဲ တိုးနိုင်သလောက် ဘေးတစ်ဖက်ရဲ့ပြတင်းပေါက်စီသို့သာ တိုးကပ်ထိုင်လိုက်သည်။

သူကတော့ ထုံးစံအတိုင်း တဒုတ်ဒုတ်ဖြင့် အိပ်တွေငိုက်ကာ ဘေးမှန်နဲ့ ခေါင်းတွေလည်း တိုက်လို့။

ဒီလောက် တဒုတ်ဒုတ်တိုက်နေလဲ သူမနိုး ..။

ကျစ် .. နားညည်းလိုက်တာ !

ကားမှန်ကိုတိုက်နေတဲ့သူ့ခေါင်းအား ဆွဲယူကာ နောက်ကို လှန်ချပစ်လိုက်သည်။

အဲ့လိုလုပ်ပစ်တော့လည်း အဲ့အတိုင်းကို အိပ်ပျော်နေပြန်သည်။

ဒီဆရာဝန်ရဲ့နေတတ်ထိုင်တတ်ပုံများ ..။

ထိုအနေအထားနဲ့မို့ အဆင်ပြေသွားပြီထင်ပေမယ့် သူဟာ အိပ်ရင်း အိပ်ရင်းမှ ဘေးတိုက်လျှောကျလာကာ ဂျောင်ဂုပေါင်ဆီသို့ မျက်နှာလာအပ်သည်။

"ရားးး"

ခေါင်းကို မထိချင်ထိချင်နဲ့ ပြန်တွန်းတင်ပစ်လိုက်လဲမရ .. ခဏခဏ ပြန်ပြန်လျှောကျလာတော့ လက်လျှော့လိုက်ရသည်။

ဒီလိုနဲ့ လမ်းတစ်လျှောက်လုံး ကိုယ့်ပေါင်ကို ခေါင်းအုံးလျက်ပါလာသော သူ့ကို အရိပ်တကြည့်ကြည့် ရင်တမမဖြင့် စောင့်ကြည့်ရင်း ပြန်လာခဲ့ရသည်။

မစောင့်ကြည့်လို့လဲမဖြစ် .. ကိုယ့်ပေါင်ပေါ် လာအန်ချမှာ စိုးလို့သာ ..။

"ဟေ့ ဟေ့ .. ထ ထ"

အိမ်ရှေ့ရောက်တော့ သူက လုံးဝကို အိပ်ပျော်နေခဲ့ပြီဖြစ်သည်။

MR's DOCTORWhere stories live. Discover now