Part 24

14.2K 1.6K 178
                                    

Unicode

"ဒေါက်တာ"

" ... "

"စတော်ဘယ်ရီတွေလေ"

" ... "

"ခင်ဗျား သိပ်ကြိုက်တယ်မလား .. ဆင်းခူးရအောင်လေကွာ"

" ... "

ပြောသမျှစကားလုံးတိုင်းကို လစ်လျုရှုကာ တိတ်ဆိတ်ငြိမ်သက်စွာ တစ်ဖက်ကိုပဲ လှည့်ငေးနေသော ဒေါက်တာ။

စိတ်ဆိုးနေသော သူ့ပါးမို့မို့ဟာ သွေးရောင်လွှမ်းနေပြီး နှုတ်ခမ်းတစ်စုံဟာလည်းပဲ စူချင်သယောင်ရှိနေပြန်သည်။

အင်း .. အဲ့နှုတ်ခမ်းတွေပေါ့ အဲ့နှုတ်ခမ်းတွေ။

လူက်ို စိတ်လွတ်ပြီး ခေါင်းထဲရှုပ်ထွေးသွားအောင်လုပ်တဲ့တရားခံတွေက အဲ့နှုတ်ခမ်းတွေ။

"ဒေါက်တာရယ် .. အဲ့လို မနေပါနဲ့ကွာ .. ကျုပ်ကို မကျေနပ်ရင် ထိုးတာပဲဖြစ်ဖြစ် လုပ်လိုက်ပါလား ခင်ဗျားက ဒီလိုကြီး ကျုပ်က်ို လစ်လျုရှုထားတော့ ကျုပ်မှာ ဘာလုပ်ရမှန်းကို မသိတော့ဘူး ကမ္ဘာတွေပျက်နေရောပဲ"

လက်ဖျားလေးကို ဆွဲယူပြီး အားမလိုအားမရစွာဖြင့် ဖျစ်ညှစ်လိုက်တော့ ဆတ်ခနဲကို ချက်ချင်း ရုန်းကန်သွားတဲ့ ဒေါက်တာ။

တတွတ်တွတ်ချော့နေသည့်တိုင် ဘယ်လိုမှ စိတ်ဆိုးမပြေသေးတဲ့ ဒေါက်တာကြောင့် ဂျောင်ဂု သက်ပြင်းတစ်ချက်ကို မောဟိုက်စွာချမိသည်။

ဒီဒေါက်တာရဲ့စိတ် .. ဒီဒေါက်တာရဲ့မာနကို ကောင်းကောင်းသိသည် .. လွယ်လွယ်နဲ့ လျှော့မယ့်ပုံမပေါ်။

ဒေါက်တာဟာ တခါတရံမှာ တအားကို ဖော်ရွေတတ်ပြီး ပြုံးနေတတ်ပေမယ့် တခါတရံကျပြန်တော့လည်း သိပ်က်ိုမာနကြီးတတ်ပြီး အရွဲ့တိုက်တတ်ပါသေးသည်။

"ဟူး .."

ဒါက ဒုတိယအကြိမ်မြောက် ချလိုက်တဲ့ သက်ပြင်းမဟုတ်ပဲ နောက်တစ်ကြိမ် အစက ပြန်ချော့ဖ်ို့ အားမွေးလိုက်တယ်လို့ ခေါ်မလား။

သူ့လက်လေးကို ထပ်မံဆွဲယူလိုက်တော့ သူက သူ့ထုံးစံလေးအတိုင်း ရုန်းပြန်သည်။

သို့သော် ဒီတစ်ခါတော့ ဂျောင်ဂု မလွှတ်ပေးတော့။

"တောင်းပန်ပါတယ်"

MR's DOCTORWhere stories live. Discover now