Part 8

13.8K 1.6K 73
                                    

Unicode

"ဘော့စ် .. ဘော့စ်"

မနက်စာစားနေတုန်း အမောတကော ရောက်လာတဲ့ ယောန်ဂျွန်း။

"ဒေါက်တာကင်မ် မရှိတော့ဘူး"

ယောန်ဂျွန်းရဲ့စကားကို မအံ့ဩစွာဖြင့် ဂျွန်ဂျောင်ဂုတို့ မနက်စာတောင် အစားမပြတ်။

ဒီလောက်အကြောတင်းတဲ့ဆရာဝန်က ထွက်ပြေးကို ပြေးမယ်ဆိုတာ သိပြီးသားမို့။

"ဘော့စ် .. အစ်ကို ထွက်ပြေးသွားပြီလို့"

ယောန်ဂျွန်းမျက်နှာက စိုးရိမ်နေသလို ငိုမဲ့မဲ့လည်း ဖြစ်နေသည်။

"အင်း .. ပြေးပါစေ ထားလိုက်"

ခပ်ပေါ့ပေါ့ပြောလိုက်တော့ ယောန်ဂျွန်း ငြိမ်ကျသွားသည်။

အင်း .. ပြေးသွားတာလဲ အကောင်းသားပဲ။

မဟုတ်ရင် ဒီယောန်ဂျွန်းဆိုတဲ့ကောင်က ထိုဆရာဝန်နားပဲ တကပ်ကပ်။

နေကောင်းကောင်း မကောင်းကောင်း ထိုဆရာဝန်နားမှာပဲ တဝဲလည်လည် ရစ်သီသီ လုပ်နေတာ ထိုဆရာဝန် အိမ်မှာရှိနေခဲ့တဲ့ နှစ်ရက်လုံးလုံး။

ဟိုဆရာဝန်ကလဲ ယောန်ဂျွန်းနဲ့ဆို တစ်ချိန်လုံး ရယ်ရယ်မောမောနဲ့ လေပေးကို ဖြောင့်လို့။

အရယ်အပြုံးကလဲ သိပ်ကို ပေါများပါပေ့ ..။
မျက်နှာထားက အမြဲလိုလို စပ်ဖြဲဖြဲရုပ် ..။

သူ့ရဲ့ ကကြီးပုံနှုတ်ခမ်းထောင့်စွန်းတွေက ကော့ညွတ်လိုက်တိုင်း ခေါင်းကိုက်စရာ။

အခုလို ထွက်ပြေးသွားသည်ဆိုတော့လည်း ကောင်းတာပေါ့ .. အဲ့လို မျက်စိနောက်စရာမြင်ကွင်းတွေ မမြင်ရတော့ဘူးပေါ့။

ဒါနဲ့နေပါဦး .. ဖမ်းထားတယ်ဆိုပေမယ့် လိုလေသေးမရှ်ိ ဘော်ဒီဂတ်တွေနေတဲ့အဆောင်မှာတောင်မထားပဲ ကိုယ်တစ်ယောက်တည်းနေတဲ့ ကိုယ့်အိမ်မှာ ခေါ်တင်ထားတာ။

ကိုယ့်အိမ်တောင် ပစ်စလတ်ခတ် တွေ့ရာအခန်းမဟုတ်ပဲ ကိုယ့်အခန်းရဲ့ဘေးက facility အပြည့်အစုံရှိတဲ့အခန်းမှာ ထားတာကို ဘာဖြစ်လို့ သူက ထွက်ပြေးသွားရတာလဲ ..။

မဟုတ်မှ မပြည့်စုံတာများ ရှိနေလို့လား ?

တော်ပြီ .. ထားလိုက်တော့ အကောင်းနဲ့မတန်တဲ့ ဒီဆရာဝန် ..။

MR's DOCTORWhere stories live. Discover now