Part 15

13.3K 1.5K 151
                                    

Unicode

"Cheer !!"

ဘီယာခွက်ချင်းတိုက်ပြီးနောက်မှာ ထယ်ယောင်းရော ဂျွန်တန်ရော သောက်လိုက်ကြသည်။

သီချင်းတွေ လိုက်ဆိုလိုက် ဘီယာလေးသောက်လိုက်ဖြင့် ထယ်ယောင်းရဲ့ဘဝက သာယာနေလျက်ရှိသည်။

အိမ်ကို ပြန်ချင်တဲ့အချိန်မှာ ပြန်မည်။ အရင်လို လူကို မျက်စိဒေါက်ထောက်ကာ စောင့်ကြည့်နေတတ်သူ မရှိ။

သူ ခရီးထွက်သွားတယ်လို့ ကြားထဲက ထယ်ယောင်း အပျော်လုံးတွေစို့နေတာ ဖြစ်သည်။

ပြောမယ့်ပြောတာမဟုတ် ဒီမာဖီးယားကောင်က လူကို သိပ်ချုပ်ကိုင်ချင်တာ။

သူ့အိမ်မှာနေရင် သူ့သဘောတိုင်းပဲ နေရမယ်ဆိုတဲ့ပုံစံမျိုးနဲ့ အိမ်ရှိလူအကုန်လုံးကို ပုံသွင်းထားတာ။

အခုလည်း သူ မရှိတဲ့အချိန်မှာ ထယ်ယောင်းကို အပြင်မထွက်ဖို့ မှာခဲ့သည်ဟု ဒမ်မီက ပြောသည်။

ကင်မ်ထယ်ယောင်းဆိုတာကလည်း မလုပ်နဲ့လို့ တားမြစ်ထားလေ ပိုလုပ်ချင်လေ။

"ထယ်ယောင်း .. ဘီယာယူဦးမလား"

"ယူမယ်လေ အစ်ကို"

ဂျွန်တန်က ဘီယာထပ်မှာပေးသည်။

ကင်မ်ထယ်ယောင်းတို့ ဇာတာကောင်းပုံများ ဟိုမာဖီးယားကောင် ခရီးထွက်သွားလို့ လွတ်လပ်နေတဲ့အပြင် ဘီယာဒကာခံမယ့် အစ်ကိုဂျွန်တန်နဲ့ပါ ထပ်ကြုံရခြင်း။

ဆောင်ဟွန်းနဲ့လည်း မတွေ့တာကြာပြီမို့ ခေါ်ဖို့လုပ်လိုက်ပေမယ့်လည်း ဂျွန်တန်က နှစ်ယောက်ကြားပြောစရာရှိသည်ဟုဆိုတာကြောင့် နှစ်ယောက်တည်းပဲ သောက်ဖြစ်သွားသည်။

"အစ်ကို .. ပြောစရာရှိတယ်ဆို"

ဘီယာတစ်ငုံသောက်ရင်း စကားစလိုက်တော့ ဂျွန်တန်က ခေါင်းညိတ်ပြလိုက်ပြီး

"အင်း .. ပြောစရာဆိုတာထက် အကူညီတောင်းစရာပေါ့"

"ဘာများလဲ"

ဂျွန်တန်က ဘယ်ကစပြောရမှန်းမသိသလို တစ်ခုခုကို စဉ်းစားနေပြီးတော့မှ နှုတ်ခမ်းတစ်ချက်သပ်လိုက်ရင်း

MR's DOCTORTahanan ng mga kuwento. Tumuklas ngayon