Part 12

14K 1.6K 97
                                    

Unicode

"တီ .. တီ"

ခြံရှေ့က ကားဟွန်းသံကြောင့် ဧည့်ခန်းထဲက stock စျေးကွက်ကြည့်နေတဲ့ ဂျောင်ဂု အာရုံပျက်သွားကာ လှမ်းကြည့်လိုက်သည်။

ခြံတံခါးဖွင့်ပေးလိုက်တော့ ထိုကားအဖြူက ခြံထဲဝင်လာလျှင် မတ်တပ်ထရပ်လိုက်သည်။

"Hello .. Jungkook!"

နှုတ်ဆက်သံနဲ့အတူ ကားပေါ်က ဆင်းလာတဲ့သူကို မြင်လိုက်ရတဲ့အချိန်မှာ လူက အတော်လေး စိတ်ပျက်သွားမိသည်။

"နေကောင်းတယ် မဟုတ်လား"

နေကာမျက်မှန်ကို ရင်ဘတ်က ကော်လံစမှာ တပ်လိုက်ပြီး အစွမ်းကုန်ပြုံးရယ်ပြကာ လျှောက်လာတဲ့ အစ်ကိုဝမ်းကွဲဖြစ်သူ ဂျွန်တန်။

"မြင်တဲ့အတိုင်းပဲလေ"

ဘုတောလိုက်ပေမယ့် ဂျွန်တန်က မျက်နှာမပျက်သွားပါပဲ ခပ်ဟဟ ရယ်မောကာဖြင့် လက်မောင်းကို ခပ်ဖွဖွလာထိုးသည်။

"အချိုးက အရင်အတိုင်းပဲနော် .."

ဂျွန်တန်ရဲ့ရယ်မောသံက လုပ်ရယ်ရယ်နေတဲ့အသံမို့ နားကြားပြင်းကပ်စွာ ဂျောင်ဂု လိုက်မရယ်ပါ။

ငယ်ငယ်တည်းက ဒီကောင့်ရဲ့စတိုင်လ်က အမြဲတပြုံးပြုံးနဲ့ မဟုတ်တာ လုပ်တဲ့ကောင်။

အခုရော သူ ဟောင်ကောင်က ဗြုန်းစားကြီး ပြန်လာတာရော ဘာသဘောလဲ။

ပြန်မပြောပဲ ရှုတည်တည်နဲ့ ရပ်နေတဲ့ ဂျောင်ဂုအား ဂျွန်တန်က ပုခုံးဆွဲဖက်လိုက်ရင်း

"ရားး ကိုယ့်အစ်ကို ပြန်လာတာကို ဒီလိုပဲ ကြိုရသလားကွ .."

ပုခုံးကိုဖက်ထားတဲ့ ဂျွန်တန်ရဲ့လက်တွေအောက်ကနေ ဂျောင်ဂု ထွက်လိုက်သည်။

"ကျွန်တော် ဒီလိုပဲ နေတတ်တာ ဟျောင်း သိပြီးသားပဲ မဟုတ်လား"

ဂျွန်တန် မျက်နှာပျက်သွားသည် .. သို့သော် ချက်ချင်း ဘာမှမဖြစ်သလို ဟန်ဆောင်သည်။

"ဟျောင်းကို အိမ်ထဲမခေါ်တော့ဘူးလား"

မခေါ်ချင်ပေမယ့် မကောင်းတတ်တာမို့ ခေါင်းညိတ်ကာ ခေါ်လာခဲ့လိုက်သည်။

MR's DOCTORWhere stories live. Discover now