Sir Jeon✔︎

2.5K 178 0
                                    

My Yoga Boy(Chapter 1)

Uni

Seoulမြို့ ရထားဘူတာရုံတစ်ခုတွင်ဖြစ်သည်..

ရထားဆိုက်ရောက်ပြီ ဖြစ်တာနဲ့ ဆင်းလာတဲ့ အသတ်လတ်ပိုင်း အမျိုးသမီး တစ်အုပ် နဲနဲ အသက်ကြီးမည် ပုံပေါ်သည့် သူများပင်ပါသည်..

ရထားဆိုက်တာနဲ့ ဆင်းလာကာ Daegu ကနေ Seoul အထိ ၃နာရီ နီးပါး ရထားစီးလာရသည်မို့ အငြောင်းပြေ အငြာပြေ အထုတ်ဆွဲကာ အကြောဆန့်နေသည်..

ခနကြာမှ အဒေါ်ကြီး တစ်ယောက်ထဲမှ အသံထွက်လာကာ

"ကဲ အကုန်လုံးကိုနားပြီးရင်လည်း Haesoo အိမ်သွားကြမယ်ဝေ့"

အကုန်လုံး ထောက်ခံကာ ဘူတာမှ ထွက်ပြီး taxi ငှါးလိုက်သည်..

စမ်းတစ်ဝါးဝါးနဲ့ သင်တန်းတက်ခဲ့သည့် နေရာနှင့် မနီးမဝေးဖြစ်တာကြောင့် နောက်ဆုံးတော့ Haesoo အိမ်ရောက်ပြီ..

"Haesoo ရေ.. ကျွန်မတို့ ရောက်ပြီ"

အိမ်ရှေ့မှ အော်သံကြောင့် Haesoo တစ်ယောက်က အိမ်ထဲမှ အမြန်ထွက်လာကာ တံခါး သွားဖွင့်ပေးရသည်..

"ကျွန်မက ညနေလောက်မှ ရောက်မယ်ထင်နေတာ"

"ရထားအချိန် စောသွားတာ သေချာ မပြောလိုက်ရဘူး"

"ရပါတယ်ရှင် နေ့လည်စာ စားပြီးပြီလား"

"မစားရသေးဘူး"

"ဒါဆို ကျွန်မမနက်က ချက်ထားတဲ့ ဟင်းကျန်သေးတယ် ဝင်လာကြပါ"

အိမ်ပိုင်ရှင် Haesoo သည် အိမ်ထဲသို့ ခပ်သွက်သွက်ပင် ပြန်ဝင်သွားသည်..

အထဲဝင်သွားလောက်မှ အချင်းချင်း အနောက်ကတစ်ယောက်က နားနား ကပ်ကာ..

"အစ်မ Haesoo ကို ရအောင် ခေါ်ကြမယ်နော်"

"ဟုတ်တယ် ဟယ်ဆူးက ဇွတ်ငြင်းနေတာ သူပါမှ လူဆုံမှာပေါ့"

"အခုတော့ အရင် ဝင်ကြမယ် လူကိုယ်တိုင် လာခေါ်ရင်တော့ လိုက်မည် ထင်ပါရဲ့"

အကြောင်းမှာ သူတို့သည့် ယောဂဆရာဖြစ်သင်တန်းတူတူတက်ခဲ့ဖူးသူတွေဖြစ်သည်..

ယခုပင်လည်း india အထိသွားကာ ယောဂ သင်တန်းဆက်တက်ကြဖို့ Haesooအား ခေါ်နေကြခြင်း။

My Yoga Boy "ᥴ᥆m⍴ᥣᥱ𝗍ᥱꪶ"Where stories live. Discover now