I'm here,love✔︎(Final)

1.4K 113 6
                                    

My Yoga Boy(Chapter 10)

Uni

လေယာဉ်ကွင်းရှေ့ အခြေချလိုက်သည်နှင့် သက်ပြင်းတစ်ချက် ချလိုက်သည်။

"ဟူး..12နာရီလောက်ဘဲ သေချာပေါက် 12နာရိလောက်ဆို ရောက်ပြီ မင်းရှိတဲ့ မြေကို"

လေယာဉ်တစ်လျှောက် အချိန်မြန််မြန်ကုန်ချင်သည်နှင့် အိပ်ပြီး လိုက်လာသော်လည်း နိုးလာတော့ မရောက်သေး။

ဒီနေ့မှ အချိန်တွေ ကြာနေသလိုဘဲ..

မျှော်လင့်နေတဲ့ အချိန်.. Germany လေဆိပ်တစ်ခုကို ဆိုက်ရောက်ပါတော့မည်ဟု ကြေငြာချိန်တွင် ဖင်တကြွကြွနှင့်

လေယာဉ်မယ်များလည်း Jungkook ကို လာလာ သတိပေးရသည်မှာ ခနခန။

သူ့ကို စိတ်ပူလို့ လာလဲ သတိပေးရသေးသည် သူတို့ကိုလဲ မကြည်တဲ့ အကြည့်နဲ့ ပြန်ကြည့်တာကြောင့် လေယာဉ်မယ် များနှင့်ပင် ဆက်ဆံရေး သိပ်အဆင်မပြေချေ။

လေယာဉ်ဆိုက်ရောက်သည်နှင့် အထဲမှာ လုပ်စရာရှိတာလုပ်ပြီး လေဆိပ် အပြင်သို့သာ တိုးထွက်မိသည်

Germany..ကျွန်တော့ရဲ့ dreamland
အခုတော့ သိပ်ချစ်ရတဲ့သူက ဒီမြို့က တဲ့လား?

ရောက်လာပြီး အပျော်လုံးသာစို့နေတာ Taehyung ကို ဘယ်လိုရှာရမလဲ?

ဒီ Germany  တစ်မြို့လုံးမှာ ကျွန်တော့ ကောင်လေးကို ဘယ်လိုရှာရပါလိမ့်?

စဉ်းစားမရသေးတာကြောင့် လမ်းတစ်လျှောက်သာ လျှောက်သွားနေလိုက်သည်..

လမ်းဘေးမှ ဆိုင်းဘုတ်လေး တစ်ခုကို အမှတ်မထင် ဖြတ်ကျော်သွားမိပြီးကာမှ ခြေလှမ်းများ နောက်သို့ တစ်လှမ်းချင်း ပြန်ဆုတ်မိသည်..

သေသေချာချာ board ကို ကြည့်လိုက်တော့မှ

"Yoga festival"တဲ့

"ဟား.. ကံတရားက ကျွန်တော့ဘက်ပါပေးတာဘဲ
ကံကြမ္မာရဲ့ ကျေးဇူးကြောင့် ကျွန်တော်နဲ့ Taehyung တော့ အမြန်ဆုံး နီးစပ်တော့မယ် ထင်ပါရဲ့"

ဖုန်းထုတ်လိုက်ကာ ဆိုင်းဘုတ်လေးအား သေသေချာချာ ဓာတ်ပုံချိန်ရိုက်သည်..

Yoga festival ဆိုရင်တော့ Taehyung လာကိုလာမှာဘဲ။

တစ်ယောက်တည်း ကောက်ချက်ချရင်းသာ Germany မှ hotel တစ်ခုမှာ အနားယူလိုက်သည်..။

My Yoga Boy "ᥴ᥆m⍴ᥣᥱ𝗍ᥱꪶ"Where stories live. Discover now