I like him✔︎

1.1K 106 2
                                    

My Yoga Boy(Chapter 6)

Uni

တော်တော်ကြာသည်အထိ Jungkook မျက်ရိုးတွေကို နှိပ်ပေးနေသည်မှာ မရပ်သေး။

လက်ကို လှမ်းကိုင်လိုက်ကာ

"တော်ပါပြီ အဲ့လောက်ဆို ရပြီ ညောင်းမယ်"

"ရပါတယ် အဆင်ပြေလား ဘာဖြစ်သွားတာလဲ"

"နဲနဲ မူးလို့"

"သကြားလုံးစားမလား ခနလေး"

သကြားလုံး နောက်တစ်လုံး ထပ်ယူလာသော Taehyung

"ချောင်းမဆိုးဘူးလား ဟမ်"

"ဘာဖြစ်လို့..?"

"အဲ့လောက် ချိုတာတွေ စားနေတာ"

"မဆိုးပါဘူး အေးဆေး"

"နောက် လျှော့စားလေ အချိုတွေက...."

ပြောနေတုန်း ပါးစပ်ထဲ သကြားလုံး ထိုးထည့်ပေးလိုက်သည်..

စား! ဆိုသည့် ပုံစံဖြင့်။

စကားပြောနေတုန်း ပါးစပ်ထဲ သကြားလုံး ထိုရထည့်လာသည်မို့ မနင်အောင် မနဲစားနေသည်။

"တကယ့် အဆိုးလေး"

••

ကားရပ်လိုက်သည်မို့ Taehyung ကားပေါ်မှ လိုက်ကာ လေးဆွဲကာ အပြင်သို့ကြည့်လိုက်သည်။

"ဝိုးး ဒီကျောင်းကြီးလဲ အကျယ်ကြီးဘဲ ကြီးလဲကြီးတယ်"

"ဟုတ်တယ် အခုတော့ အရင်ဆင်းရအောင် အောက်ရောက်မှ ဆက်ကြည့်ချင်ကြည့်"

"လာပြီ..အာ့"

ထိုင်တာကြာနေပြီဖြစ်လို့ ခြေထောက်က ရုတ်တရက် ကျင်လာကာ ထလို့မရ။

"ဘာဖြစ်တာလဲ ဟမ်?"

"ခြေထောက်ကျင်တယ်"

"ဒါဆို ခြေထောက် ဆန့်လိုက်"

"ခုံက ကျဉ်းနေတာကို ခြေထောက်ဆန့်လို့မှ မရတာ ဟင့်"

"ဒီဘက်ကိုဆွဲထုတ် လာ"

Taehyung ခြေထောက်ကို လှမ်းဆွဲလိုက်ကာ ခုံ အပြင်ဘက်ထုတ်လိုက်သည်..

အခြေအနေက ကို့ရို့ကားယားဖြစ်နေကာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လျက်

"မထူးတော့ပါဘူး လာ.."

Taehyung ကို ရုတ်တရက် ဆွဲမလိုက်သော Jungkook

My Yoga Boy "ᥴ᥆m⍴ᥣᥱ𝗍ᥱꪶ"Where stories live. Discover now